ချင်းတောင်ကော်ဖီကို အမေရိကန် ကုမ္ပဏီတစ်ခုက ပထမအကြိမ် ဝယ်ယူလိုက်ပြီ

မင်းတပ်မြို့ Hornbill Chin Coffee ကထုတ်လုပ်တဲ့ ချင်းတောင်ကော်ဖီကို အမေရိကန်နိုင်ငံ Sounder Coffee & Tea ကုမ္ပဏီက ပထမဆုံးအကြိမ် ဝယ်ယူဖို့သဘောတူလိုက်ပြီလို့ သတင်းရရှိပါတယ်။

ဒီနေ့ပဲ Sounder Coffee & Tea ကုမ္ပဏီက ချင်းတောင်ကော်ဖီကို ၎င်းတို့ကြိုက်နှစ်သက်တဲ့အကြောင်းကို Hornbill Chin Coffee ပိုင်ရှင် ဆလိုင်းမာဟုန်းထံအကြောင်းကြားလာပါတယ်။

Hornbill Chin Coffee က ချင်းတောင်ကော်ဖီ ၂ တန်ပို့ထားတဲ့ဟာကို ၎င်းတို့က ဝယ်ယူဖို့သဘောတူတာဖြစ်ပါတယ်။

Zalen ad

Hornbill Chin Coffee ပိုင်ရှင် ဆလိုင်းမာဟုန်းက ယင်းအကြောင်းနဲ့ပတ်သက်ပြီး “သူတို့က အရသာ၊ အရည်သွေး၊ ထုတ်လုပ်နည်းတွေကို သူတို့ကိုယ်တိုင်လာပြီးတော့ ၃ ကြိမ်စစ်ဆေးပြီးတော့ အခု ၄ ကြိမ်မြောက်မှာ သူတို့ကလက်ခံတာ။ သူတို့က လုံးဝအကြိုက်တွေ့တယ်။ ဒါကြောင့် နောက်နှစ်ကိုဗစ်မဖြစ်ရင် အခြေအနေကောင်းရင် ၅ တန်လောက်ယူမယ်ပေါ့။ မျှော်လင့်ချက်လေးရှိလာတယ်ပေါ့။ အမေရိကမှာလည်း Hornbill Chin Coffee နဲ့ပဲထုတ်ဖို့ဆွေးနွေးထားတယ်။ ဈေးနှုန်းကတော့ တစ်ပေါင်ကို ၃ ဒသမ ၈ ဒေါ်လာနဲ့ဖြတ်ထားတယ်။ ၂ တန်ကို ဒေါ်လာ ၁၂၀၀၀ ကျော်လောက်ရှိမယ်။ မြန်မာငွေနဲ့တော့ သိန်း ၁၉၅ လောက်ရှိမယ်။ ကျနော်တို့ ပို့ထားတဲ့ကော်ဖီကို တစ်နေ့က သင်္ဘောကနေထုတ်တယ်။ အကျိုးအကြေတွေကြည့်တယ်။ လမ်းမှာကြာတော့ နည်းနည်းစိုးရိမ်သွားတယ်။ သူတို့က စာနဲ့ပုံနဲ့ အဆင်ပြေတယ်လို့ပို့လာတယ်။ နောက်နှစ်ဆိုရင် ၅ တန်လောက်ပို့နိုင်မယ်” လို့ပြောပါတယ်။

ချင်းပြည်နယ်က ထွက်တဲ့ကော်ဖီကို ပထမဆုံးအကြိမ် နိုင်ငံခြားကို တင်ပို့နိုင်တာဖြစ်ပါတယ်။
ချင်းပြည်နယ်တစ်ပြည်နယ်လုံးတွင် တစ်နှစ်တွင် ကော်ဖီအနည်းဆုံး တန်ချိန် ၂၀ ထွက်နိုင်မယ်လို့ယူဆရပါတယ်။

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်