ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ တိုက်ခိုက်မူကြောင့် ဘာသာရေးအဆောက်အဦး ၉၅ လုံး ပျက်စီး

 ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မူကြောင့် ဘာသာရေး အဆောက်အဦး ၉၅ ခု ပျက်စီးခဲ့သည်ဟု ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ် (CHRO) က စက်တင်ဘာ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါသည်။

ဘသာရေးအဆောက်အဦး ပျက်စီးမူတွင် ထန်တလန်မြို့နယ် (၃၅) ခု၊ ဟားခါးမြို့နယ်(၁၆) ခု၊ ဖလမ်းမြို့နယ်တွင် (၁၃) ခု၊ ကန်ပက်လက်မြို့နယ်တွင် (၉) ခု၊ မင်းတပ်မြို့နယ်တွင် (၇)ခု၊ တီးတိန်မြို့နယ်တွင် (၆) ခု နှင့် တွန်းဇံမြို့နယ်တွင် (၂) ခု ပျက်စီးပြီး ထန်တလန်မြို့နယ်နဲ့၊ ဟားခါးမြို့နယ်တွင် ပျက်စီးမူ အများဆုံးဟု CHRO အဖွဲ့ထံက သိရသည်။

ထိုအပြင် စစ်ကောင်စီက ချင်းပြည်နယ်ကို လေကြောင်းဖြစ် ၂၀၂၁ ခုနှစ်တွင် (၁)ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် (၂၁)ကြိမ်နဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ (၁၈၂)ကြိမ်၊ စုစုပေါင်း (၂၀၄)ကြိမ် တိုက်ခိုက်မူ ပြုလုပ်ဟု ဆိုပါသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင်း မင်းတပ်မြို့နယ်တွင် အရပ်သားပြည်သူ (၁၄) ဦး၊ ထန်တလန်မြို့နယ်တွင် (၁၂)ဦး၊ ဖလမ်းမြို့နယ် (၉) ဦး သေဆုံးခဲ့ကြောင့် CHRO အဖွဲ့ထံက သိရှိရပါသည်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေ နှိပ်စက်ညှဥ်းပန်းခံရကြောင်း Fortify Rights ပြော

ဇွန် ၂၁၊ ၂၀၂၅။ Zalen မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို အာဏာပိုင်တွေက နှိပ်စက်ညှဥ်းပန်း အကြမ်းဖက်ခံနေရတယ်လို့ လူ့အခွင့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ...

ဆက်ဖတ်ရန်