ချင်းအမျိုးသားတွေအားလုံး တော်လှန်ရေးမှာ စစ်မှုထမ်းကြဖို့ CNF တိုက်တွန်း

မတ် ၂၀၊ ၂၀၂၆

Zalen

Zalen ad

အရွယ်ရောက်ပြီးတဲ့ ချင်းအမျိုးသား ပြည်သူအားလုံးဟာ အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ချင်းတော်လှန်ရေးမှာ စစ်မှုထမ်းကြဖို့ အထူးတိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ (၃၈) နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF) ကနေ အထူးတိုက်တွန်းလိုက်တာပါ။

မတ်လ ၂၀ ရက်နေ့ဟာ ချင်းလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် အမျိုးသားလက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲဝင်လာတဲ့ (၃၈) နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ဖြစ်ပြီးချင်းတော်လှန်ရေးကာကလအတွင်း အသက်ပေးလှူသွားကြတဲ့ သူရဲကောင်း အာဇာနည်တွေနဲ့ ကိုယ်လက်အဂါၤ တစိတ်တပိုင်း ပေးလှူခဲ့ကြတဲ့ ရဲဘော်ရဲမေတွေကိုလည်း ဂုဏ်ပြုဦးညွှတ် ဂါရဝပြုတယ်လို့ CNF က ဆိုပါတယ်။

အခုအချိန်ဟာ ပြည်သူ့တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲရမယ့်အချိန် ဖြစ်တာကြောင့် ချင်းအမျိုးသားထုတစ်ရပ်လုံး စစ်ရေး၊ နိုင်ငံရေးအင်အားစုတွေထဲမှာ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားတာပါ။

အသက်အရွယ်ရောက်ပြီးသူတိုင်းဟာ မိမိတို့ရဲ့ အမျိုးသားရေးအသိစိတ်နဲ့ တော်လှန်ရေးတိုက်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ စစ်မှုထမ်းပြီး အင်အားဖြည့်တင်းပေးကြဖို့ ပြောထားပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ နိုင်ငံရေးလှည့်ဖြားမှုတွေကို သတိထားကြဖို့၊ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ညီညီညွတ်ညွတ်နဲ့ လက်တွဲကြဖို့လည်း သတိပေးထားပါတယ်။

ဝိုင်းဝန်းကူညီပေးကြဖို့ နှိုးဆော်ချက်

ပြည်တွင်းပြည်ပမှာရှိတဲ့ ချင်းလူမျိုးတွေအနေနဲ့ စစ်မြေပြင်မှာ နေ့ညမနား တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို အောက်မေ့တဲ့အနေနဲ့ လူအင်အား သာမက ငွေကြေးအင်အား ကိုပါ အရင်ကထက် ပိုပြီး စိုက်ထုတ်ပါဝင်ပေးကြဖို့ ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုအလုပ်အမှုဆောင်ကော်မတီကနေ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ Defense Coordination Team (TDC) ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ချင်းပြည်နယ်အတွင်း အရွယ်ရောက်ပြီးသူတွေကို ချင်းပြည်တပ်ပေါင်းစုအတွက် တပ်သားသစ်တွေ စုဆောင်းသွားတော့မယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်