ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား အများအပြားသေကြေဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊မြောက်ခင်ရန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အနီးအနားကျေးရွာဒေသခံများ သေကြေ ဒဏ်ရာရကာ လူနေအိမ်ပျက်စီးမှုများလည်း ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရပါသည်။

 စစ်ကောင်စီတပ်သည် သြဂုတ်လ ၈ရက်နေ့တွင် ၁၂၀-မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ဂန့်ဂေါမြို့နယ်၊ ရေသာကျေးရွာသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၄နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းသို့ လက်နက်ကြီးစထိမှန်ခဲ့ကြောင်း၊ သြဂုတ်လ ၁၁ရက်နေ့တွင်လည်း ၁၂၀-မမ ဖြင့်ထပ်မံပစ်ခတ်ခဲ့သဖြင့်ဂန့်ဂေါမြို့နယ်၊မြင်သားကျေးရွာအတွင်းသို့လက်နက်ကြီး ၂လုံး ကျရောက်ပေါက်ကွဲခဲ့ပြီးအသက် ၅၈နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်အသက် ၃၃နှစ်အရွယ် အမျိုးသား ၁ဦးလက်နက်ကြီးစထိမှန်ကာ နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးခဲ့ကာ အသက်၁၂နှစ်အရွယ်ကလေးငယ် ၁ဦး၏ ဦးခေါင်းဘယ်ဘက်ခြမ်းသို့ လက်နက်ကြီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ အသက်၂၈နှစ်အရွယ် အမျိုးသားတစ်ဦးဝမ်းဗိုက် နောက်ကျောနှင့်ညာခြေထောက်တို့အား လက်နက်ကြီးစထိမှန်ဒဏ်ရာ(စိုးရိမ်ရ) နှင့် အသက် ၆၃နှစ်အရွယ် အမျိုးသမီး ၁ဦး၏ ဘယ်ဘက်ပေါင်အား လက်နက်ကြီးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) အသီးသီးရရှိခဲ့ကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ၂၀၂၃၊ သြဂုတ်လ ၁၃ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

“သြဂုတ်လ ၈ရက်နေ့ကတည်းကရွာတွေကို ဦးတည်ပြီးတော့ လက်နက်ကြီးတွေထုနေတာဗျ။ လူသေဆုံးမှုတွေလည်းအများကြီးရှိတယ်။ဒဏ်ရာရသူတွေလည်းမနည်းဘူး။သြဂုတ်လ ၁၃ရက်နေ့တုန်းကလည်းတောင်ခင်ရန်းရွာက အိမ်၂လုံးပေါ်လက်နက်ကြီးကျပြီး ပျက်စီးသွားတယ်” ဟု တောင်ခင်ရန်းကျေးရွာနေ ပြည်သူတစ်ဦးက ပြောပါသည်။

တောင်ခင်ရန်းကျေးရွာ နယ်မြေရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သြဂုတ်လ ၁၃ရက်နေ့ နံနက်၉နာရီဝန်းကျင်ခန့်မှစ၍ တောင်ခင်ရန်းကျေးရွာအတွင်းရှိ ပြည်သူနေအိမ် ၇လုံးခန့်ကို မီးရှို့ခဲ့ကြပြီး စခန်းတွင်းမှ ၈၀-မမ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့သောကြောင့် လူနေအိမ် ၂လုံး ပျက်စီးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ကဖော်ပြထားပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်