ငလျင်ကြောင့် မော်ရိုဂိုနိုင်ငံတွင် လူပေါင်း ၁၀၀၀ ကျော်သေဆုံး

အာဖရိကတိုက်၊ မော်ရိုဂိုနိုင်ငံမှာ ယနေ့စက်တင်ဘာလ ၉ ရက်နေ့တွင် လှုပ်ခတ်ခဲ့တဲ့ အားပြင်းတဲ့ ငလျင်ကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ပြီး နောက်ထပ်ရာနဲ့ချီသော လူများ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဒီငလျင်ဟာ မော်ရိုဂိုနိုင်ငံတွင် ဆယ်စုနှစ် ၆ ခုအတွင်း လှုပ်ခတ်ခဲ့သော ငလျင်တွင် အပြင်ထန်ဆုံးသော ငလျင်ဖြစ်ပါတယ်။ မော်ရိုဂိုပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ငလျင်ကြောင့် သေဆုံးသူပေါင်း ၁၀၃၇ ကျော်ရှိပြီး နောက်ထပ် လူပေါင်း ၆၇၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Geological Survey က ထုတ်ပြန်ထားသော အချက်အလက်များအရ ငလျင်ပြင်းအားဟာ ၆ ဒသမ ၈ ပြင်းအားရှိပြီး မာရာကက်မြို့ကနေ အနောက်တောင်ပိုင်း ၄၅ မိုင်အကွာတွင် ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်ကတော့ ဒေသစံတောင်ချိန် ည ၁၁ နာရီတွင် လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

 “ငလျင်က စက္ကန့် ၂၀ လောက်လှုပ်ခတ်ခဲ့တယ်။ အိမ်တံခါးကို ဖွင့်ပြီး ကျွန်တော် ဒုတိယ အလွှာကို ဆင်ပြေးလိုက်တယ်” ဟု ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဟာမစ်အပ်ကာက ပြောပါတယ်။ မော်ရိုဂိုနိုင်ငံတွင် အပြင်ထန်ဆုံး ငလျင်ကတော့ ၁၉၆၀ ခုနှစ်တွင် လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၁၂၀၀၀ ခန့် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တူရကီနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူပေါင်း ၅၀၀၀၀ ကျော်လည်း သေဆုံးသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်က စစ်ဘေးရှောင်ကလေးများကို စာသင်ပေးတဲ့ CDM ကျောင်းဆရာတစ်ဦး ဟားခါးမှာဖမ်းဆီးခံရ

၁၆၊ ဖေဖော်ဝါရီလ ၊၂၀၂၄ Zalen ချင်းပြည်နယ်ကနေ မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်ကြတဲ့ ကလေးသူငယ်များကို စာသင်ကြားပေးတဲ့ ချင်းပြည် နယ် မတူပီဒေသခံ CDM ကျောင်းဆရာတစ်ဦးကို ဖေဖော်ဝါရီ ၁၂ရက်နေ့ ဟားခါးမြို့မှာ စစ်ကောင်စီ ရဲ့မတရား ဖမ်းဆီး ...

ဆက်ဖတ်ရန်