စက္ကန့်ရွာတွင် စစ်ကောင်စီဝင်လာပြီး ပျောက်ဆုံးသွားသူတစ်ဦးရဲ့ အရိုးများတွေ့ရှိ

EC၊ ၁၉၊ အောက်တိုဘာ၊ ၂၀၂၃။

Zalen

ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာအတွင်း အောက်တိုဘာ ၇ ရက်က စစ်ကောင်စီတွေဝင်လာပြီးနောက်ပျောက်ဆုံးသွားတဲ့ ဦးဟရန်းလိန်း-Pu Hram Ling (၈၁ နှစ် )ရဲ့အရိုးပြာကို အောက်တိုဘာ ၁၈ ရက်တွင် တွေ့ရှိတယ်လို့သတင်းရရှိပါတယ်။

စက္ကန့်ရွာသားတစ်ဦးက “စစ်ကောင်စီတွေရွာထဲဝင်လာတဲ့ချိန်မှာ သူ့သားက သွားခေါ်တဲ့ချိန်မှာ သူကအိမ်မှာမရှိဘူး။ သေနတ်သံလည်းကြားကော ကျန်တဲ့သူတွေထွက်ပြေးကြတယ်။ သူက ကျန်းမာရေးတော့ကောင်းပေမယ့် အသက်ကြီးပြီဆိုတော့ လျန်လျန်မြန်မြန်လမ်းမလျှောက်နိုင်ဘူး။ မနေ့ ရွာသား ၃ ဦးကို စစ်ကောင်စီက ရွာထဲဝင်ခွင့်ပေးပြီး သွားရှာတဲ့ချိန်မှာ သူတို့အိမ်နဲ့အတူ မီးရှို့ခံရတဲ့ အရိုးပြာကိုပဲတွေ့ကြတယ်။ ရွာထဲကျန်ခဲ့တဲ့ ကျန် ၃ ယောက်ရဲ့အလောင်းတော့မတွေ့ဘူး။ မိသားစုဝင်တွေကတော့ သူတို့အားလုံး သေပြီလို့မှတ်ယူပြီး အသုဘအခမ်းအနားလည်းလုပ်ကြပြီ”လို့ပြောပါတယ်။

Zalen ad

ရွာထဲမှာကျန်ရစ်တဲ့သူတွေက Rev. Biak Lawm, Pu Thawng Thang, Salai Lian Cung Thang, Pu Hram Ling တို့ဖြစ်ပါတယ်။ ၎င်းတို့ထဲက Pu Thawng Thang, Salai Lian Cung Thang တို့ဟာ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေဖြစ်ပါတယ်။

ဦးဟရန်းလိန်း-Pu Hram Ling ရဲ့ အရိုးပြာကို ဒီနေ့မှာပဲ စက္ကန့်ကျေးရွာ သင်္ချိုင်းတွင် မြေမြုပ်သဂြိုလ်ကြပါတယ်။ စစ်ကောင်စီက စက္ကန့်ရွာကို အောက်တိုဘာ ၇ ရက်ကနေ ၁၀ ရက်မနက်ပိုင်းအထိ ဆက်တိုက်မီးရှို့ကြပြီး အိမ်ဘယ်နလုံးမီးလောင်တယ်ဆိုတာ အတိအကျမသိရသေးပါ။ အခုချိန်ထိ စစ်ကောင်စီတပ်သားများ စက္ကန့်ရွာထဲတွင် တပ်စွဲနေကြတယ်လို့သိရတယ်။

အောက်တိုဘာ (၇)ရက်ကလည်း Pi Ngaih Hnem (၆၇နှစ်) နဲ့ ၎င်းရဲ့မြေး Salai Van Bawi Lian (၁၄ နှစ်) တို့ဟာ ရွာထဲဝင်လာစဉ် အကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်ပြီး အလောင်းကိုမီးရှို့ကြတယ်လို့သိရတယ်။ ၎င်းတို့ရဲ့ အရိုးပြာကိုလည်း ရွာသားတွေက သယ်ဆောင်ကာ မြေမြုပ်ကြပြီလို့သိရတယ်။

ဒီနှစ် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နဲ့ ၆ ရက်တွင်လည်း စက္ကန့်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့လို့ အိမ်ခြေ ၈၃ လုံးပြာကျပြီး အိမ်ခြေ ၆ လုံးအနည်းငယ်မီးလောင်ပျက်စီးသွားပါတယ်။

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်မှာ စစ်ကောင်စီသတ်ဖြတ်ထားတယ်လို့ ယူဆရတဲ့အမျိုးသားတဦးရုပ်အလောင်းတွေ့ရှိ

မတ် ၉၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Tuphei ကျေးရွာမှာအကြမ်းဖက်စစ်တပ်ရဲ့သတ်ဖြတ်ခြင်းခံရတယ်လို့ ယူဆ ရတဲ့ အမျိုးသားရုပ်အလောင်းတလောင်းကို ယမန်နေ့ မတ်လ ၈ ရက်နေ့မှာဒေသခံများကတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအလောင်း ကို ယမန်နေ့ မတ်လ ၈ ...

ဆက်ဖတ်ရန်