စစ်ကောင်စီက နောက်ထပ် ပလက်ဝစစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ ​ဆောင်ရွက်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြို့မရပ်ကွက်ရှိ စစ်ဘေးရှောင်ပြည်သူတွေကို နေရပ်ပြန်ဖို့ စစ်ကောင်စီက ဆောင်ရွက်နေကြောင်း သိရှိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ပလက်ဝမြို့နယ်၊ လယ်လှ​ကျေးရွာအုပ်စုရှိ လယ်လှ၊ သူဌေးကုန်း၊ နန်းချောင်းဝ၊ သရက်တောင်နှင့် သကာချောင်းကျေးရွာတို့ဖြစ်ပြီး၊ ၂၀၂၀ ခုနှစ် စစ်ကောင်စီနဲ့ ရခိုင်တပ်တော် (AA) တို့ တိုက်ပွဲကြောင်း ပလက်ဝမြို့ပေါ်တွင် ထွက်ပြေးတိမ်းရှောင် ပြည်သူများဖြစ်သည်။

၎င်းကျေးရွာကို အနောက်ပိုင်းစစ်ဌာနချုပ်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် တပ်ရင်းတစ်ခုက မိုင်း၊ စစ်ကျန်ပစ္စည်းများ ရှင်းလင်းခဲ့ပေးပြီဖြစ်ပြီး မကြာမီ မိမိကျေးရွာကို ပြန်ခွင့်ရတော့မယ်လို့ စစ်ဘေးရှောင်ပြည်သူကို စစ်ကောင်စီက အသိပေးပြောကြားကြောင်း သိရှိရသည်။

 လယ်လှအုပ်စုသည် ပလက်ဝ – ကျောက်တော် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိပြီး၊ ယင်းအုပ်စုရှိ ကျေးရွာများတွင် ရက္ခိုင့်တပ်တော်(AA) ရဲဘော်များအဝင်/အထွက် ပြုလုပ်သောကြောင့် စစ်ကောင်စီက ၂၀၂၀ ခုနှစ် ဧပြီလတွင် လေယာဥ်ဖြစ် ဗုံးကျဲတိုက်ခိုက်ပြီး နန်းချောင်းဝရွာသား ၉ ဦးထက်မနည်း သေဆုံးကာ၊ ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လူနေအိမ် တချို့လည်း ပျက်စီးခဲ့သည်။

Zalen ad

နောက်ဆုံးရသတင်းများ

ဆိုင်ဟာခရိုင်မှ မြန်မာဘက်သို့ စက်သုံးဆီခိုးထုတ်မှု အာဏာပိုင်တွေ အရေးပေါ်ပိတ်ပင်

မတ် ၂၃၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟာခရိုင်အတွင်းရှိ စက်သုံးဆီတွေကို အိမ်နီးချင်း မြန်မာနိုင်ငံဘက်သို့ တရားမဝင် မှောင်ခိုပို့ဆောင်နေမှုတွေကို တားမြစ်တဲ့ အရေးပေါ်အမိန့်ကို ခရိုင်အုပ်ချုပ်ရေးမှူးက မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ထုတ်ပြန်ချက်မှာ ...

ဆက်ဖတ်ရန်