စစ်ကောင်စီတပ်က ကျီကုန်းရွာမှာ ပြည်သူ့စစ်အင်အား စုဆောင်းရန်ပြင်ဆင်

၃၊ဖေဖော်ဝါရီ၊၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ ကျီကုန်းရွာမှာ စစ်ကောင်စီတပ်က

ပြည်သူ့စစ် (ပျူစောထီး) အင်အားစုဆောင်းရန် အတင်းအဓမ္မစေခိုင်းတယ်လို့သိရပါတယ်။

ကလေးမြို့ ဒကစမှူးကိုယ်တိုင်က ဖေဖော်ဝါရီ ၂ရက်မှာ ကျီကုန်းရွာရှိ သိရိလင်္ကာဘုန်းကြီးကျောင်းကို ဖုန်းဆက်ပြီး ကျေးရွာရှိ လူငယ်/လတ်ပိုင်း အယောက် ၄၀စုဆောင်းထားဖို့ ညွှန်ကြားထားတယ်လို့ စစ်တပ်အသိုင်းဝန်းကနေတစ်ဆင့်သိရပါတယ်။

“မနေ့ဖုန်းဆက်ပြီး အယောက်၄၀စုခိုင်းထားတယ်။မနက်ဖြန်မဟုတ်ရင်တဘက်ခါလောက် ကလေးမြို့ကိုခေါ်ဖို့ ဒကစမှူးကိုယ်တိုင် ကျီကုန်းကိုသွားမယ်လို့ ပြောတယ်”လို့ စစ်တပ်နဲ့နီးစပ်တဲ့ တစ်ဦးကပြောပါတယ်။

“ရွာမှာရှိတဲ့ လူတွေ အဓိက လူငယ်တွေ စိတ်ပူနေကြတယ်။ရွာကနေထွက်မယ်ဆိုရင်လည်းရုတ်တရက်ဆိုတော့ ဖမ်းခံရမှာလဲကြောက်နေကြတယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။

ကျီကုန်းရွာဟာ ကလေးမြို့မှ ကလေးဝ၊တမူး လမ်းမကြီးပေါ်မှာတည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲဂိတ်ထိုင်ထားတဲ့ ရွာလည်းဖြစ်ပါတယ်။

ဗသိန်း

နောက်ဆုံးရသတင်းများ

လူသတ်ဓားပြတိုက်ပြီး မူးယစ်ဆေးဖြန့်နေတဲ့ CDF တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းအမှား

============== ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၅ ခုနှစ် Zalen အိန္ဒိယနိုင်ငံအတွင်း ခိုး၀င်ပြီး လူသတ်ဓါးပြတိုက် မူးယစ်ဆေးဖြန့်နေတဲ့ ချင်းကာကွယ်ရေးတပ်(CDF)တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့်  Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်က ...

ဆက်ဖတ်ရန်