စစ်အာဏာသိမ်းကာလ (၉၉၇)ရက်အတွင်း သတ်ဖြတ်ခံရတဲ့ အရပ်သား (၄၁၅၇)ဦးထိ ရှိလာ

၂၆ အောက်တိုဘာ၊ ၂၀၂၃

Zalen

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း (၉၉၇)ရက်အတွင်း မြန်မာနိုင်ငံအနှံ့မှာ အရပ်သားပြည်သူ (၄၁၅၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၂၅ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းမှုနဲ့ဆက်လျဥ်းပြီး ဖမ်းဆီးခံရသူဦးရေ စုစုပေါင်း (၂၅,၃၄၄)ဦးရှိလာပြီးပြလည်လွတ်မြောက်လာသူဦးရေ စုစုပေါင်း(၅,၇၂၁)ဦးဖြစ်တယ်လို့ သိရပါတယ်။

AAPP ရဲ့ စာရင်းပြုစုချက်အရ ၂၀၂၃၊ဇန်နဝါရီလမှ အောက်တိုမှ ၂၅ရက်နေ့အထိစစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့်နိုင်ငံတဝှမ်းအမျိုးသမီးဦးရေ ၂၉၃ဦး သေဆုံးခဲ့ရပြီး လက်နက်ကြီးကြောင့်သေဆုံးရသူ ၉၇ဦးအထိရှိတယ်လို့ဆိုပါတယ်။သေဆုံးခဲ့သူအမျိုးသမီးဦးရေ (၂၉၃)ဦးထဲက (၁၅၂)ဦးနဲ့စစ်ကိုင်းတိုင်းတိုင်းက အများဆုံးလို့သိရပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ သေဆုံးသူ အများဆုံး ရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ဆက်လျဥ်းလို့ ဖမ်းဆီးခံရသူ စုစုပေါင်း (၂၅,၃၄၄)ဦးထဲက(၁၉,၆၂၃)ဦးမှာထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ဖမ်းဆီးခံရသူအနက် ထောင်ဒဏ်ချမှတ်ခံရသူဦးရေ စုစုပေါင်း (၇,၈၄၇)ဦးရှိတယ်လို့သိရပါတယ်။

ဒေမီယံ

နောက်ဆုံးရသတင်းများ

ကလေးမြို့ မော်လိုက်အကျဥ်းထောင်တွင်း ဖြိုခွင်းခံရခြင်း(၃)နှစ်ပြည့်

ရဲဝံ့သူ ရေးသည်။ စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကလေး အကျဥ်းထောင်အတွင်း ဖိနှိပ်မှုကို အဓိက အုပ်ချုပ်ရေးမဏ္ဏိုအဖြစ် အသုံးပြုခြင်းကြောင့် အရေးပေါ် ကိစ္စအဖြစ် ထိမ်းသိမ်းခံ အချုပ်သား ဗန်ဒိမ်း ဦးဆောင်သည့်အဖွဲ့များမှ ဆန္ဒထုတ်ဖော်မှုကြောင့် လူမဆန်စွာ ဖြိုခွင်းခံရပြီး အကျဥ်းသား ...

ဆက်ဖတ်ရန်