တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကို ၂၀၃၀ ခုနှစ်တွင် ငါးရာခိုင်နှုန်းထိလျော့ချရန် ဒီချုပ်ပါတီက အကြံပြုထားပြီး တိုင်းရင်းသားပါတီအချို့က ပယ်ဖျက်ရန်လိုလား

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကို ၂၀၃၀ ခုနှစ်တွင် ငါးရာခိုင်နှုန်းထိလျော့ချရန် ဒီချုပ်ပါတီက အကြံပြုထားပြီး တိုင်းရင်းသားပါတီအချို့က ပယ်ဖျက်ရန်လိုလား

ပြည်သူတွေရွေးကောက်ခံမဟုတ်ဘဲ လွှတ်တော်ခန်းမထဲမှာထိုင်နေတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ဒီချုပ်ပါတီက ၂၀၃၀-၃၅ သက်တမ်းတွင် ငါးရာခိုင်နှုန်းထိ တဖြည်းဖြည်းလျော့ချရန်အကြံပြုထားပြီး တိုင်းရင်းသားပါတီအချို့က တခါထဲပယ်ဖျက်ရန်အကြံပြုထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄ တွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့်ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများပါဝင်သည်လို့ဖော်ပြထားပါတယ်။

ယင်းပုဒ်မနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင်လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ပြည်ထောင်စုလွှတ်တော် ၂၀၂၀-၂၅တတိယအကြိမ်သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ တစ်ဆယ့်ငါး ရာခိုင်နှုန်း၊ ၂၀၂၅-၃၀စတုတ္ထအကြိမ်သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေစုစုပေါင်း၏ တစ်ဆယ်ရာခိုင်နှုန်း၊ ၂၀၃၀-၃၅ ပဉ္စမအကြိမ်သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ ငါးရာခိုင်နှုန်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့်တပ်မတော်သားများပါဝင်သည်လို့အကြံပြုထားပါတယ်။

ဒါပေမယ့် ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီတို့ကတော့ ပယ်ဖျက်ရန် အကြံပြုထားပါတယ်။

ဒါ့ပြင် တအောင်း(ပလောင်)အမျိုးသားပါတီက နှစ်ကာလ သတ်မှတ်ရန် နဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက အခြေအနေနှင့်အချိန်အခါအပေါ်မူတည်၍ နိုင်ငံရေးမှ စွန့်ခွာရမည်လို့အကြံပြုထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်