တမူးမြိုနယ်တွင် စစ်တပ်ထုတ်ကုန် များကို ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့မှ ဖမ်းဆီးဖျက်ဆီး

၃၁၊ မေလ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ မနေ့ မေလ ၂၉ရက်တွင် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့ (ပအဖ)မှ ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

ယခင်ရက်တွေက မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ စစ်ဆေးရေးအဖွဲ့မှ တမူးမြို့နယ်အတွင်းကို ၁၂ဘီးကားနဲ့ သယ်လာလို့ ဖမ်းဆီးထားတဲ့ စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ မန္တလေးရမ် အဖြူ၊ အနီ အဖာ ၁၀၀ ကျော်ကို မနေ့ က မြို့နယ်၊ ပကဖ၊ ပအဖနဲ့ ပလဖ တာဝန်ရှိသူများရှေ့တွင် မီးရှို့ဖျတ်ဆီးခဲ့တယ်လို့ မြို့နယ် ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးမှ Zalen သတင်းဌာနကို ပြောပါတယ်။

Zalen ad

“ဖမ်းဆီးမိတာ ၁၂ဘီးကား ၃စီးပါ။ စစ်ကောင်စီနဲပတ်သတ်ဆက်နွယ်နေတဲ့၊ တရားမဝင် မန္တလေးရမ် အရက်ဖာတွေဖြစ်လို့ ဖမ်းဆီးဖျက်ဆီးတာပါ။ ကားသမားတွေကို ထိုက်သင့်တဲ့ပြစ်ဒါဏ်ပေးပြီး ခံဝန်ချူပ်နဲ့ ပြန်လွတ်ပေး လိုက်ပါပြီ “လို့ ၎င်းက ဆက်ပြောပါတယ်။

အဆိုပါ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ တရားမဝင် စစ်တပ်ထုတ်ကုန် အားလုံးနဲ့ တရားမဝင် မူးယစ်ဆေးဝါးများကိုလည်း ရှေ့ဆက် ကျပ်မတ် စစ်ဆေး ဖမ်းဆီး အရေးယူသွားကြမှာဖြစ်တယ်လို့ ပြည်သူ့အုပ်ချူပ်ရေး တဝန်ရှိသူ တစ်ဦးမှ ပြောထားပါတယ်။

သတင်း – တမူနွေဦး

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်