တမူးမြို့နယ်မှာ ပျူစောထီးအဖွဲ့က အိန္ဒိယနိုင်ငံသား နှစ်ဦးထံ ရူပီး ၈သောင်းနဲ့ ဆိုင်ကယ် တစ်စီးလုယူ သွား

၂၉၊ အောက်တိုဘာ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဆရာစံကျေးရွာမှာ အိန္ဒိယနိုင်ငံသား မလိမ်၊ တန်ခူး လူမျိုးနှစ်ဦးထံမှာ အောက်တိုဘာလ ၂၇ ရက်နေ့က ရူပီး ၈သောင်းနဲ့ ဆိုင်ကယ် တစ်စီး လုယူသွားတယ်လို့ ဒေသခံများက ပြောပါတယ်။

” မလိမ်၊ တန်ခူ လူမျိုးနှစ်ယောက်က ကျွဲနွား ရောင်းဝယ်ရေးတွက် မြန်မာပြည်ဘက်ကို ဆင်းသွားတာပါ။ တမူးကနေတက်လာတဲ့ ပျူစောထီးအဖွဲ့နဲ့ တွေ့ပြီး ရူပီး ၈သောင်းနဲ့ ဆိုင်ကယ်ပါ လုယူသွားကြတာ” လို့ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

Zalen ad

ယခုရက်ပိုင်း စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များဟာ တမူးကနေ အထက်ပိုင်းဒေသ ကွန်းတောင်းကျေးရွာ၊ ဆရာစံကျေးရွာနဲ့ မင်းသာကျေးရွာဘက်တွေကို အထူးလှုပ်ရှား နေတယ်လို့ ပြောပါတယ်။

ဒါ့ပြင် အောက်တိုဘာ ၂၈ရက်နေ့ကလည်း တမူး မြို့မ (၁၄) ချောင်းနက်ကြီး ‌ရပ်ကွက်မှာ လည်း ပျူစောထီးများ အင်အားတိုးချဲ့ပြီး နေ့တိုင် ရောက်လာကာ စစ်ဆေးမှု တင်းကျပ်နေတယ်လို့သိရပါတယ်။

” အရင်က ပျူစောထီးတွေက ရပ်ကွက်ထဲကို အယောက် ၂၀လောက်ပဲ လာပတ်တာ။ အခုအင်အားတိုးလာတယ်။ အ‌ယောက် ၅၀လောက် နေ့တိုင်းလိုလို လာနေကြတာ ” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသခံများဟာ အလုပ်ကိုင်ရှားပါးလာတာကြောင့် နီးစပ်ရာ အိန္ဒိယနိုင်ငံးသားများနဲ့ ဆက်သွယ်ကာ ရတဲ့ အလုပ်ကို လုပ်ကိုင် နေကြတာဖြစ်ပြီးမကြာခဏဆိုသလို ပျူစေားထီးများရဲ့ လုယက်မှုကို ခံနေရတယ်လို့ ဒေသခံများကပြောပါတယ် ပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်