တမူးမြို့နယ် အကျဉ်းစခန်းရှိ ထောင်မူးနဲ့ လုံထိန်းရဲများက အကျဉ်းသားများကိုခေါ်ဆောင်ပြီးစခန်းကိုစွန်ခွာထွက်ပြေး

၈၊ ဒီဇင်ဘာ၊ ၂၀၂၃။

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကွန်းတောင်းအုပ်စု၊ အုတ်ဖိုကန်ဘောင်အကျဉ်းစခန်းရှိထောင်မူးနဲ့လုံထိန်းရဲတွေဟာ နိုဝင်ဘာလ ၁၀ ရက်ခန့်မှစတင်ပြီး အကျဉ်းသားအချို့နဲ့ လက်နက်ခဲယမ်းများ၊လိုအပ်တဲ့ စားသောက်ကုန်အချို့ကိုသယ်ယူရွေ့ပြောင်းပြီစခန်းကိုစွန့်ခွာထွက်ပြေးကြတယ်လို့သိရတယ်။

၎င်းတို့ဟာစပါးရိတ်သိမ်းချိန်ကာလဖြစ်ပေမယ့် အချို့တဝက်ကိုသာရိတ်သိမ်းနိုင်ကြပြီးအကြွင်းအကျန်များကိုတော့ ဒေသခံကျေးရွာများဖြစ်ကြတဲ့ နောင်ကတ်(သစ်)ကျေးရွာ၊ သံယောဇဉ်ကျေးရွာ၊ဝက်ရှု့ကျေးရွာနဲ့ ဆရာစံကျေးရွာတို့ကိုပေးအပ်ရိတ်သိမ်းစေတယ်လို့ ဒေသခံများပြောပြပါတယ်။

“သူတို့ဟာတိုက်ပွဲဖြစ်ပွာခြင်းမရှိပဲစခန်းကိုစွန့်ခွာသွားကြတာဖြစ်ပြီးကျတော်တို့‌ေဒသခံ‌ကျေးရွာများ အတွက်တော်တော်ကောင်းသွားတယ်။ သူတို့ရှိနေလို့တိုက်ပွဲဖြစ်လာရင်တောထဲတောင်ထဲ အိုအိမ်စွန့်ခွာထွက်ပြေးကြရမှာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အကျဉ်းသားတွေကိုဘယ်မှာပို့ထားလဲတော့မသိဘူး။ အကျဉ်းဦးစီးလုံထိန်းရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ ကတော့ နိုဝင်ဘာ၂၇ရက်နေ့တွင် ကွန်းတောင်းစစ်ကောင်စီတပ်စခန်းကိုအင်အားဖြည့်ထားတယ်လို့ဒေသခံများပြောပြပါတယ်။

အုတ်ဖိုကန်ဘောင်အကျဉ်းစခန်းဟာ တမူးအထက်ပိုင်းတမူး-အောင်ဇေယျလမ်း၏အရှေဘက် ၂ မိုင်ခွဲခန့်ရှိပြီး၊ တမူးမြို့မှ ၁၁မိုင် ကျော်ခန့်တွင်တည်ရှိပါတယ်။ ၎င်းစခန်းကို ယခင် ၂၀၂၁ နှစ်ကုန်ပိုင်းခန့်တွင်ဒေသကာကွယ်ရေးတပ်ဖွဲ့များမှဝင်ရောက်တိုက်ခိုက်ခဲ့ကာ ထောင်မှူးနဲ့ ၎င်းဇနီးအပါအဝင်စစ်ကောင်စီတပ်အချို့ပစ်ခတ်ရှင်းလင်းခံရတဲ့ အကျဉ်းစခန်းတစ်ခုဖြစ်ပါတယ်။

သတင်း-PR

နောက်ဆုံးရသတင်းများ

ကလေးမြို့နယ်မှာ တစ်ရက်အတွင်း အရပ်သား လေးဦး ပစ်သတ်ခံရ၊ တစ်ပတ်အတွင်း သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

၂၈၊ ဖေဖော်ဝါရီ၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်က ပစ်ခတ်သတ် ဖြတ်လို့ အရပ်သား လေးဦး သေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၂၁ရက်နေ့ကနေ ၂၇ ရက်နေ့အထိ တစ်ပတ် ...

ဆက်ဖတ်ရန်