တမူး NLD အမတ်လောင်းနေအိမ်ကို စသုံးလုံး၊ SB-2၊ CID ကဝင်ရောက်စစ်ဆေး

တမူးမြို့နယ် NDL တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ရွှေ(ခ)ဦးဇကာလ်ခါးမာနေအိမ်ကို စသုံးလုံး၊ CID၊ SB-2တို့က ဝင်ရောက်စစ်ဆေးတယ်လို့သိရပါတယ်။

ဦးအောင်ရွှေ(ခ)ဦးဇကာလ်ခါးမာ(၆၂ နှစ်)နေအိမ်ကို ဇူလိုင်(၁၀)ရက်မှာ SB-2 ကတစ်ကြိမ်၊ ဇူလိုင်(၁၃)ရက်မှာ CID ကတစ်ကြိမ်၊ ဇူလိုင် (၁၅)ရက်မှာ စသုံးလုံးက တစ်ကြိမ် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

“သူတို့ရုံးရဲ့ ဗဟိုက ကျနော့် ကိုယ်ရေးအချက်အလက်တွေစစ်ဆေးဖို့အမိန့်ရထားတယ်လို့ပြောပါတယ်။ သူတို့မေးတာကတော့ ဘယ်မှာမွေးခဲ့တာ၊ ဘယ်ကျောင်းတွေတက်ခဲ့တာ၊ အစိုးရဝန်ထမ်းဘဝတွေ၊ NLD ကိုဘယ်လိုဝင်ရောက်ခဲ့တာ၊ ပါတီမှာဘာတာဝန်ယူထားတာ စတာတွေမေးတယ်။ ကျနော့် မွေးချင်းညီအစ်ကိုတွေ၊ သူတို့ဘယ်မှာနေထိုင်ကြတာလဲဆိုတာတွေလည်းမေးတယ်။ ဒါတွေအားလုံးက ရွေးကောက်ပွဲကော်မရှင်ရုံးမှာ တင်ထားပြီးသားပါ။ ပါတီဗဟိုဘက်ကိုလည်း ဒီအကြောင်း သတင်းပို့ထားပြီးပြီ။ CID လာတုန်းကဆိုရင် တစ်နေကုန်ကြာတယ်။ ပြည်ခိုင်ဖြိုးအမတ်လောင်းကောစစ်ဆေးလာလို့မေးတော့ ကျနော်တစ်ယောက်ထဲပဲ ဗဟိုကနာမည်စာရင်းပေးလာတယ်တဲ့။ တမူး ပြည်ခိုင်ဖြိုးအမတ်လောင်းက ကာနန်ရွာသား ဦးမာပွေးယာလေ”လို့ ဦးအောင်ရွှေ(ခ)ဦးဇကာလ်ခါးမာကဆိုပါတယ်။

ဦးအောင်ရွှေ(ခ)ဦးဇကာလ်ခါးမာဟာ အရင်က ကျောင်းဆရာ၊ ရဲဝန်ထမ်းတွေလုပ်ခဲ့ပြီး ၈၈အရေးအခင်းမှာ ဆန္ဒပြပွဲမှာပါဝင်တဲ့တွက်ရောက် အစိုးရဝန်ထမ်းကနေ နှုတ်ထွက်ခိုင်းခဲ့ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်