တိုက်ပွဲတွင်း ကုန်စည်စီးဆင်းမှု အားလုံးပိတ်ထားတဲ့ အမ်းမြို့နယ်မှာ ဆန်ပြုတ်သောက်နေရ

၁၆၊ ဧပြီလ၊ ၂၀၂၄

Zalen

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွင်း လမ်းကြောင်းတွေ အားလုံးပိတ်ထားပြီး ဆန်စတင် ပြတ်လတ်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ချင်းလူမျိုး အများပြားနေထိုင်တဲ့ အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ တိုက်ပွဲတွင်း စစ်ကောင်စီက လမ်းကြောင်းတွေ အားလုံး ပိတ်ထားသလို အာရက္ခတပ်တော် (AA)ကလည်း အမ်း-ပဒါန်း ကားလမ်း အသုံးမပြုဖို့ အရေးပေါ်ထုတ်ပြန်ပြီးနောက် ဆန်ပြတ်လက်မှုတွေ ကြုံတွေ့နေရပါတယ်။

Zalen ad

“အဓိကတော့ လမ်းကြောင်းတွေ အကုန်ပိတ်ထားလို့ အခုလို ဆန်က ပြတ်သွားတဲ့ အခြေအနေ ရောက်သွားတာဖြစ်တယ်။ မြို့ထဲမှာတောင် ဆန်ဘယ်နေရာမှ ဝယ်လို့ မရတော့ဘူး။”လို့ အမ်းမြို့ဟောင်းက ဒေသခံတစ်ဦးက ဆိုပါတယ်။

ဆန်တွေ ပြတ်လတ်နေတဲ့ အမ်းမြို့နယ်က ကျေးရွာတွေမှာ ဆန် လုံးဝ မရရှိတော့ဘဲ ရှိတဲ့ ဆန်တွေကို ဆန်ပြုတ်လုပ်ပြီး စားသောက်နေရတယ်လို့ ဆိုပါတယ်။

“ဆန်ဝယ်လို့မရတာ နှစ်ပတ်လောက်ရှိပြီ။ အစတော့ ဆန်ကို လျော့ချက်ပြီး စားတယ်။ အခုက ဆန်ပြုတ် ပြုတ်ပြီး သောက်နေရတယ်။ တချို့အိမ်တွေက ဆန် မရှိတော့ဘူး။ ငတ်နေကြပါပြီ။ ဒီအတိုင်းဆို ထမင်းငတ်ပြီး သေရဖို့ဘဲ ရှိတော့တယ်။ “လို့ ဟင်းရွက်ကျေးရွာက ချင်းအမျိုးသမီး တစ်ဦးက ဆိုပါတယ်။

မနေ့ ဧပြီလ ၁၅ ရက်နေ့ကလည်း အမ်းမြို့နယ်၊ ဂယ်လောင်းစံပြ ကျေးရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့သလို ဒီနေ့ ဧပြီလ ၁၆ ရက်နေ့လည်း ငပြည်ကျေးရွာမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

သတင်း – Jai Sakeu

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်