တီးတိန်မြို့နယ်၊ သိုင်းငင်းစခန်းကို စစ်ကောင်စီ ပြန်သိမ်းယူ

၂၁၊ ဇွန်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နဲ့ ကလေးမြို့ကြားက ချင်းတော်လှန်ရေးတပ်တွေ သိမ်းထားတဲ့  သိုင်းငင်းစခန်းကို စစ်ကောင်စီတပ်တွေက ဇွန်လ ၂၀ရက်နေ့မှာ ပြန်လည် သိမ်းယူထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇွန်လ ၁၆ ရက်နေ့က တီးတိန်မြို့ကနေ စစ်ကောင်စီတပ် အင်အား တစ်ရာကျော်နဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ဆိုပါတယ်။

Zalen ad

အဲဒီစစ်‌ကြောင်းဟာ ဇွန်လ ၁၇ရက်နေ့မှာ PDF Zoland တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF Zoland က ပြန်လည်ဆုတ်ခွာခဲ့တာကြောငါ့ ကနေဒီတောင်စခန်းကို ဇွန်လ ၁၈ရက်နေ့မှာ နေရာပြန်ယူနိုင်ခဲ့ပါတယ်။

အဲဒီကနေ သိုင်းငင်းကို စစ်ကြောင်းဆက်ထိုးခဲ့ပြီး ဇွန် ၂၀ရက်နေ့မှာ CDF CDM Siyin အဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အင်အားမမျှတာကြောင့် CDF CDM Siyin တပ်ဖွဲ့ က စခန်းကနေ ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီတပ်က နေရာပြန်ယူခဲ့တာလို့ ဆိုပါတယ်။

” မနေ့က စကစ က CDM Siyin နဲ့ တိုက်ပွဲ ဖြစ်ကြတယ်။ ပြန်ဆုတ်ခဲ့ရတယ်၊ အဲ‌ဒီနောက်မှာ စကစ က ဆုတောင်းတောင်မှာ အိပ်တယ်။ ဒီနေ့မှာ ရွာထဲကို ၀င်မွှေနေတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ကလေး- သိုင်းငင်း- တီးတိန် လမ်းမတစ် လျှောက်ရှိ ဇိုဇန်၊ အာလွယ်၊ သိုင်းငင်း၊ ဟိန်ဇိန်၊ ဆွလိမ် စတဲ့ ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ကနေဒီတောင်စခန်းကို PDF Zoland က ၂၀၂၃ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ သိမ်းပိုက်ထားပြီး ၂၀၂၄ ဇန်နဝါရီ ၁၆ ရက်နေ့မှာ သိုင်းငင်းစခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

တန်းတူညီမျှသော ပြည်ထောင်စုသစ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု CDF-Asho ထုတ်ပြန်

ဇန်နဝါရီ  ၂၂ ၊ ၂၀၂၆။ Zalen တန်းတူညီမျှမှုရှိသော ပြည်ထောင်စုသစ်တရပ် ပေါ်ထွန်းလာသည်အထိ အရှိန်အဟုန်မပျက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) က ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ...

ဆက်ဖတ်ရန်