ထိုင်းနိုင်ငံကနေ ပြန်ပို့ခံရတဲ့ တရားမဝင် အလုပ်သမား နှစ်ရာကျော်ကို စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ခေါ်ဆောင်

၂၇၊ ဖေဖော်ဝါရီ၊ ၂၀၂၅

Zalen

တရားမဝင် မြန်မာအလုပ်သမား နှစ်ရာကျော်ကို ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြန်ပို့ခဲ့ပြီး သူတို့ကို စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

သူတို့ကို ရနောင်းဆိပ်ကမ်းက တစ်ဆင့် ပြန်ပို့ခဲ့တာဖြစ်ပြီး အဲဒီအလုပ်သမား နှစ်ရာကျော်အထဲမှာ အမျိုးသား ၁၉၈ ဦးနဲ အမျိုးသမီး သုံးဦး ပါဝင်ပြီး ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်တာကြောင့် ဖမ်းဆီးခံခဲ့ရသူတွေလို့ ထိုင်းအခြေစိုက်သတင်းတွေမှာ ဖော်ပြပါတယ်။

Zalen ad

အဲဒီတရားမဝင် အလုပ်သမားတွေကို စစ်ကောင်စီတပ်က ကော့သောင်းဂိတ်ကနေ ခမရ-၄၃၁ တပ်ထဲကို ခေါ်ဆောင်သွားပြီး အမျိုးသမီးတွေကိုပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ ထိုင်းနိုင်ငံက ရနောင်းအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံပြီးနောက် နေရပ်ပြန်သွားတဲ့သူ ၁၅၀ ကျော်ထဲက ၂၃ ယောက်နဲ့ ဩဂုတ်လ ၇ ရက်နေ့မှာ ပို့တဲ့ ၁၂၀ ကျော်ထဲက ၄၈ ယောက်ကို စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

တန်းတူညီမျှသော ပြည်ထောင်စုသစ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု CDF-Asho ထုတ်ပြန်

ဇန်နဝါရီ  ၂၂ ၊ ၂၀၂၆။ Zalen တန်းတူညီမျှမှုရှိသော ပြည်ထောင်စုသစ်တရပ် ပေါ်ထွန်းလာသည်အထိ အရှိန်အဟုန်မပျက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) က ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ...

ဆက်ဖတ်ရန်