ထိုင်းနိုင်ငံကနေ ပြန်ပို့ခံရတဲ့ တရားမဝင် အလုပ်သမား နှစ်ရာကျော်ကို စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ခေါ်ဆောင်

၂၇၊ ဖေဖော်ဝါရီ၊ ၂၀၂၅

Zalen

တရားမဝင် မြန်မာအလုပ်သမား နှစ်ရာကျော်ကို ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြန်ပို့ခဲ့ပြီး သူတို့ကို စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

သူတို့ကို ရနောင်းဆိပ်ကမ်းက တစ်ဆင့် ပြန်ပို့ခဲ့တာဖြစ်ပြီး အဲဒီအလုပ်သမား နှစ်ရာကျော်အထဲမှာ အမျိုးသား ၁၉၈ ဦးနဲ အမျိုးသမီး သုံးဦး ပါဝင်ပြီး ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်တာကြောင့် ဖမ်းဆီးခံခဲ့ရသူတွေလို့ ထိုင်းအခြေစိုက်သတင်းတွေမှာ ဖော်ပြပါတယ်။

အဲဒီတရားမဝင် အလုပ်သမားတွေကို စစ်ကောင်စီတပ်က ကော့သောင်းဂိတ်ကနေ ခမရ-၄၃၁ တပ်ထဲကို ခေါ်ဆောင်သွားပြီး အမျိုးသမီးတွေကိုပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ ထိုင်းနိုင်ငံက ရနောင်းအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံပြီးနောက် နေရပ်ပြန်သွားတဲ့သူ ၁၅၀ ကျော်ထဲက ၂၃ ယောက်နဲ့ ဩဂုတ်လ ၇ ရက်နေ့မှာ ပို့တဲ့ ၁၂၀ ကျော်ထဲက ၄၈ ယောက်ကို စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်