ထိုင်းဝန်ကြီးချုပ်အဖြစ် အနုတင် ဒုတိယအကြိမ် ထပ်မံရွေးချယ်ခံရ

မတ် ၁၉၊ ၂၀၂၆

Zalen

ဖုမ်ကျိုင်ထိုင်းပါတီ (BJT) ရဲ့ ခေါင်းဆောင် အနုတင် ချန်ဝီရာကူးဟာ မတ်လ ၁၉ ရက်နေ့ ဒီနေ့မှာကျင်းပတဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ထောက်ခံမဲ ၂၉၃ မဲ ရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားတယ်။

ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ဒီနေ့မနက် ၁၀ နာရီမှာ ပြည်သူ့လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပခဲ့တာ ဖြစ်ပါတယ်။

Zalen ad

လွှတ်တော်အမတ် ၄၉၉ ဦးအနက် အနည်းဆုံး ထောက်ခံမဲ ၂၅၀ ရမှသာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရမှာ ဖြစ်ပြီး အနုတင်ဟာ ထိုင်းနိုင်ငံရဲ့ ၃၂ ဦးမြောက်ဖြစ်လာတာပါ။

မဲပေးရာမှာတော့ အနုတင်က ၂၉၄ မဲ၊ ပြည်သူ့ပါတီ (PP) ခေါင်းဆောင် နက်တာဖွန် ရူအန်ပန်ယာဝပ်က ၁၁၉ မဲ အသီးသီး ရရှိခဲ့ကြတာကြောင့် အနုတင်ကပဲ ထပ်မံအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ထိုင်း၀န်ကြီးချုပ် အနုတင်ကတော့ ထိုင်းနိုင်ငံနဲ့ ပြည်သူတွေအတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးနဲ့ သာယာဝပြောမှုတွေ ဆောင်ကြဉ်းပေးနိုင်ဖို့ ထိုင်းပြည်သူ့ကိုယ်စားလှယ်တိုင်းနဲ့ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်မယ့် ဝန်ကြီးချုပ်တစ်ယောက် ဖြစ်လာပါမယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ အနုတင်ရဲ့ BJT ပါတီက အမတ်နေရာ ၂၀၀ နီးပါးနဲ့ အနိုင်ရရှိခဲ့ပြီး လူငယ်တွေကြား ရေပန်းစားတဲ့ နက်တာဖွန်ရဲ့ ပြည်သူ့ပါတီကတော့ အမတ်နေရာ ၁၀၀ ကျော်ပဲ ရရှိခဲ့တယ်။

အနုတင်ဟာ သူ့ရဲ့ ပထမအကြိမ် ဝန်ကြီးချုပ်သက်တမ်းအတွင်းမှာ ထိုင်းနိုင်ငံတစ်ဝန်း ကြုံခဲ့ရတဲ့ ရေဘေးကိစ္စတွေ၊ ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲကိစ္စတွေနဲ့ စီးပွားရေးကျဆင်းမှုဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် အစိုးရက တစ်ဝက်စိုက်ထုတ်ပေးတဲ့ အစီအစဉ်တွေကြောင့် လူထုထောက်ခံမှု ရရှိခဲ့တာ ဖြစ်တယ်။

အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ အနုတင်ဟာ အခြေခံဥပဒေခုံရုံးက ဖြုတ်ချခဲ့တဲ့ ပေတောင်တန် ရှင်နာဝပ်ရဲ့ နေရာကို ဆက်ခံဖို့ ၂၀၂၅ စက်တင်ဘာ ၅ ရက်မှာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အခုတစ်ကြိမ်ဟာ သူ့ရဲ့ ဒုတိယသက်တမ်း တာဝန်ယူရတာ ဖြစ်တယ်။

Helen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်ကိုစစ်တပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ် ပြီးလူနေအိမ်ပျက်စီးမှု များရှိ

ဧပြီလ ၁၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟားခါး – ဖလမ်း လမ်းမပေါ်ရှိ Tlangzar ကျေးရွာကိုအကြမ်းဖက်စစ်တပ်က မနက် အစောပိုင်း နဲ့ မွန်းလွဲပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ လူနေအိမ်ပျက်စီးမှုများလည်းရှိကြောင်းသိရပါ တယ်။ ...

ဆက်ဖတ်ရန်