နည်းပညာတက္ကသိုလ်(ကလေး)ကဖန်တီးထားတဲ့ နေစွမ်းအင်သုံးကားဟာ (၁၂)မိုင်ထိသွားနိုင်

ကလေးမြို့ နည်းပညာတက္ကသိုလ်ကျောင်းသားတွေဖန်တီးထားတဲ့ နေစွမ်းအင်သုံးကားဟာ ဘက်ထရီတစ်ခါအပြည့်ဖြည့်ရင် (၁၂)မိုင်ထိသွားနိုင်ကြောင်း ယင်းကားဖန်တီးရေးအဖွဲ့က ဦးဆောင်သူ ကိုဇော်မင်းသူကပြောပါတယ်။

ယင်းကားဟာ ခြောက်နှစ်မြောက် EC ဘာသာသင်ကြားတဲ့ ကျောင်းသား(၁၀)ဦးက ဖန်တီးထားတာဖြစ်ပြီး ယခုလို အောင်မြင်စွာစမ်းသပ်မောင်းနှင်ရန်အတွက် အချိန်တစ်လခွဲပြင်ဆင်ရပါတယ်။

ကလေးမြို့ နည်းပညာတက္ကသိုလ်ကျောင်းသားတွေဖန်တီးထားတဲ့ နေစွမ်းအင်သုံးကား(Photo: Chit Zaw Oo)

Zalen ad

အဖွဲ့ခေါင်းဆောင် ကိုဇော်မင်းသူက “ဒီဇိုင်းကတော့ အင်တာနက်ကနေရှာပြီးတော့ အဲ့ဒါကိုအတုယူပြီးလုပ်ထားတာပါ။ ဆွဲပြီးသား ဒီဇိုင်းကို ကလေးစက်မှုဇုန်က ကိုအောင်စိုးမင်းနဲ့ ကိုလှမင်းဆီမှာအပ်တယ်။ သူတို့က အကြံဉာဏ်တွေအများကြီးပေးထားတာတွေလည်း အများကြီးအထောက်အကူဖြစ်တယ်။ အဲ့ဒီတွက်လည်း သူတို့ပေါ်မှာကျေးဇူးအများကြီးတင်တယ်။  အောက်တိုဘာ(၆)ရက်နေ့က ကျောင်းကနေ ကလေးမြို့ထဲထိ ခြောက်မိုင်ကိုစမ်းသပ်မောင်းနှင်ခဲ့တယ်။ ကျနော်တို့ ကလေးမြို့ကျောင်းမှာ ဒီလိုမျိုးဖန်တီတာဆိုလို့ ပထမဆုံးအကြိမ်ဆိုတော့ ကိုယ်လည်းဂုဏ်ယူတာပေါ့”လို့ပြောပါတယ်။

ဆိုလာ တစ်ပြားမှာ w(၅၀)ရှိတဲ့ ဆိုလာပြား(၆)ပြားနဲ့ ဓာတ်အားသိုလှောင်ဖို့ ဘက်ထရီ(၆)လုံးကို ထည့်သွင်းအသုံးပြုထားပါတယ်။

ဆက်လက်ပြီး “ကားကိုကျောင်းကစီစဉ်ပေးတယ်။ တခြားလိုအပ်တာတွေကတော့ ကျနော်တို့အဖွဲ့သားတွေစိုက်ထုတ်ပြီး ကျောင်းသားဘက်ကစုစုပေါင်း (၂၅)သိန်း ကုန်ကျတယ်”လို့ပြောပါတယ်။

နေစွမ်းအင်သုံး ကားဟာ လူ(၄)ယောက်သာတင်ဆောင်နိုင်ပြီး ကားအလေးချိန်ကတော့ kg(၃၀၀)ရှိပါတယ်။

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်