နမ့်ဆန်မြို့မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးဆော့ရာမှ ပေါက်ကွဲပြီး ကလေး ၃ ဦးသေဆုံး

၂၊ ဇန်နဝါရီ၊ ၂၀၂၄
Zalen

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့မှာ တိုက်ပွဲတွင်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေးငယ် (၃)ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂ ရက်နေ့၊ နေလည်ချိန်က နမ့်ဆန်မြို့၊ ဇယန်းကြီးရပ်ကွက်နေ ကလေးငယ် ၃ ဦးမှာ တိုက်ပွဲတွင်းက လက်နက်ကြီးကျည် ၁ လုံးကို အပြိုင်အလှန် ဆော့ကစားရင်း ပေါက်ကွဲပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည် ပေါက်ကွဲပြီး သေဆုံးသွားတဲ့ ကလေး ၃ ဦးမှာ မိုင်းနေမင်းအောင် အသက် (၆)နှစ်၊ မိုင်းလှိုင်မင်းအောင် အသက် (၁၀)နှစ်၊ မိုင်းအောင်ကျော်ဇော် အသက် (၁၁)နှစ်တို့ ဖြစ်ပါတယ်။

Zalen ad

နမ့်ဆန်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ TNLA တပ်ဖွဲ့က ၅ ရက်ကြာ တိုက်ခိုက်ပြီးမှ ဒီဇင်ဘာ ၁၅ နေ့မှာ မြို့အားလုံးစုံကို တိုက်ခိုက်သိမ်းရရှိထားပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၎င်းတို့တပ်ဝန်းကျင်အပြင် မြို့တွင်းတပ်စွဲထားတဲ့နေရာတွေနဲ့ ပြည်သူလူထုတွေရဲ့ ခြံဝန်းအတွင်း ထောင်ထားတဲ့ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ ၎င်းတို့ ပစ်ခတ်တဲ့ လက်နက်ကြီးတွေကို PSLF/TNLA မှ လိုက်လံရှင်းလင်းနေပြီး တွေ့ရှိပါက အကြောင်းကြားဖို့ ညွန့်ကြားထားပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

တရုတ်သမ္မတ ရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို Huawei နောက်ဆုံးပေါ် စမတ်ဖုန်း လက်ဆောင်ပေးအပ်

ဇွန် ၁၇ ၊ ၂၀၂၆Zalen တရုတ်ပြည်သူ့သမ္မတနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ဟာ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံဆွေးနွေးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို ...

ဆက်ဖတ်ရန်