ပထမဆုံး ချင်းရိုးရာနပန်းသင်တန်းကျောင်း ဟားခါးမြို့မှာ ဖွင့်မယ်

ပထမဆုံး ချင်းရိုးရာနပန်းနည်းသင်တန်းကျောင်းကို ဇူလိုင်(၁၄)ရက်မှာ ဟားခါးမြို့မှာ စတင်ဖွင့်လှစ်တော့မယ်လို့သိရပါတယ်။

ချင်းရိုးရာနပန်းသင်တန်းကို ချင်းလဲန်နပန်းချန်ပီယံအဖွဲ့(CPC)က ဦးဆောင်ဖွင့်လှစ်ထားတာဖြစ်ပြီး သုံးလကြာသင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့ထိ ချင်းရိုးရာနပန်းသင်တန်းတက်ဖို့ (၇)ယောက်ကလျှောက်လွှာယူထားပြီလို့ သင်တန်းစီစဉ်သူ ဆလိုင်းသုန်ဇာဆန်ထံမှသိရပါတယ်။

အခုလို ချင်းရိုးရာနပန်းသင်တန်းဖွင့်လှစ်ရခြင်းဟာ ရိုးရာနပန်းပိုမိုတိုးတက်ဖွံ့ဖြိုးစေဖို့၊ ရိုးရာနပန်းနည်းဖြစ် အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့၊ နဲ့ အလုပ်အကိုင်ပိုမိုဖြစ်ပေါ်လာဖို့စသည်တို့ဖြစ်တယ်။
အရင်က ချင်းရိုးရာနပန်းနည်းကို အခုလို သင်တန်းကျောင်းဖွင့်လှစ်ပြီးသင်ကြားတာမရှိပေ။ ရိုးရာနပန်းသင်တန်းအတွက် သီးသန့်အိမ်တစ်လုံးငှားထားပြီး လိုအပ်တဲ့ အားကစားပစ္စည်းတွေလည်းစီစဉ်ထားပါတယ်။ တစ်နေ့ကို သုံးနာရီကြာသင်ကြားမှာဖြစ်ပြီး သင်တန်းကြေးမှာ နှစ်သောင်းကျပ်ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက ချင်းရိုးရာနပန်းပွဲလည်းကျင်းပမှာဖြစ်ပြီး ဆုငွေ(၂၅)သိန်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်