ပလက်ဝမှာ တပ်မတော်က ညမထွက်ရ အမိန့်ထုတ်

တပ်မတော်က ပလက်ဝမြို့နယ်မှာ ညနေ(၆)နာရီကနေ မနက် (၆)ထိ ညမထွက်ရအမိန့်ကို မေလ(၁၅)ရက်ကထုတ်ပြန်ထားတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

အခုလို ညမထွက်အမိန့်ထုတ်ပြန်တာဟာ မေလ(၃)ရက်ကနေစပြီး ပလက်ဝနဲ့အိန္ဒိနယ်စပ်မှာ တပ်မတော်နဲ့ အေအေတပ်မတော်တို့တိုက်ပွဲဖြစ်တဲ့တွက်ကြောင့်လို့လည်းသိရပါတယ်။

၂၀၁၇ တုန်းက တပ်မတော်နဲ့အေအေတိုက်ပွဲကြောင့် ကုလားတန်မြစ်ကမ်းပေါ်စစ်ဘေးရှောင်စခန်း

Zalen ad

“ညမထွက်ရအမိန့်ကို လမ်းဘေးမှာကပ်ထားတယ်။ တောရွာဘက်မှာတော့ ရွာစော်ကပြောတယ်။ ဒီလို ညမထွက်ရအမိန့်ထုတ်တော့ တခါတလေ အရေးပေါ်လူနာတွေရှိရင် တပ်စခန်းတွေမှာ သတင်းပို့ရတယ်။ ပြီးမှပဲသွားလို့ရတယ်။ တောရွာဘက်မှာတော့ နေ့ခင်းမှာတောင် မိုင်းထောင်ထားတယ်ဆိုပြီး တောင်ယာမသွားခိုင်းဘူး”လို့ ပလက်ဝမြို့ ဒေသခံ တစ်ဦးကဆိုပါတယ်။

ရခိုင်တပ်မတော်နဲ့ ဗမာတပ်မတော်ဟာ ၂၀၁၅ ခုနှစ် ဧပြီလကစပြီး ပလက်ဝမြို့နယ်မှစတင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ပြီးနောက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ ဒုတိယအကြိမ်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်။

အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာကတော့ ၂၀၁၇ ခုနှစ်တုန်းက တိုက်ပွဲဖြစ်တဲ့ ပြိုင်စိုကျေးရွာနားမှာဖြစ်ပြီး ပြိုင်စိုကျေးရွာ ပြည်သူတွေကတော့ အရင်နှစ်တိုက်ပွဲမှာတစ်ရွာလုံး စစ်ဘေးရှောင်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်ကိုစစ်တပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ် ပြီးလူနေအိမ်ပျက်စီးမှု များရှိ

ဧပြီလ ၁၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟားခါး – ဖလမ်း လမ်းမပေါ်ရှိ Tlangzar ကျေးရွာကိုအကြမ်းဖက်စစ်တပ်က မနက် အစောပိုင်း နဲ့ မွန်းလွဲပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ လူနေအိမ်ပျက်စီးမှုများလည်းရှိကြောင်းသိရပါ တယ်။ ...

ဆက်ဖတ်ရန်