ပလက်ဝမြို့သောက်သုံးရေဟာ ကျန်းမာရေးအတွက်အလွန်အန္တရာယ်ရှိဟုဆို

လက်ရှိ ပလက်ဝမြို့ပြည်သူတွေ သောက်သုံးနေတဲ့ သင်းသေချောင်းရေထဲမှာ ဝမ်းလျှောရောဂါဖြစ်ပွားစေနိုင်တဲ့ E.Coli ဘက်တီးရီးယားပိုးအများအပြားတွေ့ရှိတယ်။

NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ GRET က ၎င်းတို့သုတေသနလေ့လာတွေ့ရှိချက်ကို ဇူလိုင်လဆန်းပိုင်းတွင်ထုတ်ပြန်ထားပါတယ်။

E.Coli ဘက်တီးရီယားပိုးဟာ မစင်မှတစ်ဆင့်ပေါက်ပွားလာတဲ့ပိုးဖြစ်ပြီး ၎င်းပိုးပါတဲ့ရေကို သောက်သုံးပါက ဝမ်းလျှော၊ ဗိုက်အော့ဖြစ်ပေါ်စေနိုင်ပြီး အသက်အန္တရာယ်ပါထိခိုက်နိုင်ပါတယ်။ ယင်းကြောင့် ရေကိုကျိုချက်ပြီးဖြစ်စေ၊ ရေသန့်စင်ဆေးထည့်ပြီးမှသာသောက်သုံးဖို့လိုပါတယ်။

Zalen ad

ပလက်ဝသောက်သုံးရေရယူတဲ့ သင်းသေချောင်း(ဓာတ်ပုံ-Van Za Uk)

ပလက်ဝမြို့နယ် စည်ပင်သာယာရေးကေ်ာမတီအဖွဲ့အလုပ်မှုဆောင်အရာရှိ ဦးဗန်ဇာအုပ်က “အခုမြို့နယ်ကျန်းမာရေးရုံးနဲ့ပူးပေါင်းပြီး ရေသန့်စင်ဆေး(Chlorination)တွေအိမ်တိုင်းလိုက်ဝေပေးဖို့စီစဉ်ထားပါတယ်။ အရင်တုန်းကလည်း ဒီဆေးသုံးထားပေမယ့် ခုကပိုသုံးဖို့လိုမှာပေါ့”လို့ပြောပါတယ်။

GRET အဖွဲ့ သုတေသနကထုတ်ပြန်ထားတဲ့ မှတ်ချက်ဖြစ်ပါတယ်

ပလက်ဝမြို့ဒေသခံ ကိုအောင်ကျော်က “ကျနော်တို့မြို့ သောက်သုံးရေက မသန့်ရှင်းဘူးဆိုတာသိပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာမသိတော့ ဒီတိုင်းပဲသောက်ပါတယ်”လို့ပြောပါတယ်။

 

 

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်ကိုစစ်တပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ် ပြီးလူနေအိမ်ပျက်စီးမှု များရှိ

ဧပြီလ ၁၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟားခါး – ဖလမ်း လမ်းမပေါ်ရှိ Tlangzar ကျေးရွာကိုအကြမ်းဖက်စစ်တပ်က မနက် အစောပိုင်း နဲ့ မွန်းလွဲပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ လူနေအိမ်ပျက်စီးမှုများလည်းရှိကြောင်းသိရပါ တယ်။ ...

ဆက်ဖတ်ရန်