ပလက်ဝတွင် စစ်ကောင်စီအသိုင်းဝိုင်းကလွဲပြီး ကုန်ပစ္စွည်းသယ်ယူခွင့် ကန့်သတ်ထားဆဲ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရဲ့ ကုန်ပစ္စည်းသယ်ယူပို့​ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ ပလက်ဝ – ကျောက်တော် ကုလားတန်မြစ်​ရေလမ်းကြောင်းကို စစ်ကောင်စီက စစ်ဆေးတင်းကြပ်ထားပြီး ဆန် အပါဝင် ကုန်ပစ္စည်းများကိုလည်း စစ်ကောင်စီအသိုင်းဝိုင်းကလွဲပြီး သယ်ယူခွင့်ကိုပါ ကန့်သတ်ထားဆဲကြောင်း သိရသည်။

ဆန်နဲ့ စားသောက်ကုန် ပစ္စည်းများသယ်ယူခွင့် ကန့်သတ်ထားသောကြောင့် ပလက်ဝမြို့နယ်ရှိ ကုန်​စျေးနှုန်းမြင့်တက်လျှက်ရှိပြီး ပလက်ဝ၊ စိမ်းစင်း၊ ဆမီး၊ မြိတ်ဝစသည့် စစ်ဘေးရှောင်ပြည်သူများအပါဝင် ဒေသခံပြည်သူများလည်း အခက်တွေ့နေရသည်။

 အဆိုပါ ရေလမ်းကြောင်းကို စစ်ကောင်စီ၏ ရေယာဥ်တစ်စီးသာ ပြေးဆွဲခွင့်ရပြီး ပြည်သူပိုင် ရေယာဥ်၊ စက်လှေ၊ ဟွန်ဒါစက်လှေငယ်များ ပြေးဆွဲခွင့်လည်း ကန့်သတ်ထား၍ စစ်ကောင်စီအသိုင်းဝိုင်းကသာ အကန့်သတ်မရှိ ဆန်၊ စားသောက်ကုန်ပစ္စည်းများ သယ်ယူခွင့်ရရှိပြီး ပြည်သူတွေထံ အဆမတန် စျေးနူန်းဖြစ် ပြန်လည်ရောင်းချပေးလျှက်ရှိကြောင့် သိရှိရသည်။

 ယင်းအပြင် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ဖြစ်သည့် ၂၈၉ ဂိတ်၊ မီးဝဂိတ်နဲ့ တရွန်အိုင်ဂိတ်စသည့် ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်သည် ခရီးသွားပြည်သူများအား မှတ်ပုံတင်ပါ၊ မပါ စစ်ဆေးပြီး၊ အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်အသစ် ပြန်မလဲသူအား ဒဏ်ငွေ (၅၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်ထိ ဆောင်ခိုင်းကြောင်း သိရှိရသည်။

Zalen ad

နောက်ဆုံးရသတင်းများ

မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်များရဲ့ Biometric စာရင်းသွင်းမှု ၉၇ ရာခိုင်နှုန်းကျော် ပြီးစီး

ဇွန် ၂၃ ၊၂၀၂၆Zalen ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းကနေစတင်ခဲ့တဲ့ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝအချက်အလက် (Biometric) စာရင်းသွင်းမှုလုပ်ငန်းဟာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ လူဦးရေစာရင်းကောက်ယူရေးနဲ့ ...

ဆက်ဖတ်ရန်