ပလက်ဝမြို့တွင် စစ်တပ်က အပြင်ဈေးထက် ၂၀ ရာခိုင်နှုန်းဈေးလျော့ပြီး ဈေးရောင်းပွဲပြုလုပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ဒီကနေ့စက်တင်ဘာ ၂၃ ရက်မနက်ပိုင်းကစပြီး စစ်တပ်က အခြေခံစားသောက်ကုန်များ ရောင်းချပွဲကို ပြုလုပ်ကြောင်း မြို့ခံများက ပြောပါတယ်။

စစ်တပ်ကတော့ စားသောက်ကုန်များကို အပြင်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းဈေးလျှော့ရောင်းချပေးတာဖြစ်ကြောင်း ဆိုပါတယ်။

အပြင်မှာ ကြက်သား တစ်ပိဿာကို ၁၅၀၀၀ ကျပ် နဲ့ ဝယ်ရပြီး စစ်တပ်ကတော့ ၁၂၀၀၀ ကျပ် နဲ့ရောင်းချပေးကြောင်း ဆိုပါတယ်။ ကြက်ဥကလည်း အပြင်မှာ ၁ထောင် ဖိုး ၄ လုံးကို သူတို့က ၁၀၀၀ ဖိုး ၅ လုံးပေးကြောင်း ဆိုပါတယ်။

ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေကြောင်း ပြောသော်လည်း လက်တွေ့မှတော့ ပစ္စည်းအများစုဟာ အပြင်ဈေးနှုန်းနဲ့ သိပ်မကွာကြောင်း ဆိုပါတယ်။

“အစိမ်းကောင်တွေ ရိုက်သတ်လို့ မကုန်အောင်များတယ်၊ ဓာတ်ပုံ ရိုက်နေကြတာ၊ ပြည်သူတွေကို ချိုသာသော ဈေးနှုန်းနဲ့ ရောင်းချပေးနေတာ ဘာညာ ပြောကြတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က ဒီကနေ့ ရောင်းသော အရာများတွင် အခြေခံစားသောက်ကုန်များ ပါသလို ကလေးကစားစရာများလည်းပါဝင်ကြောင်း ဆိုပါတယ်။ စစ်တပ်နဲ့အတူတူ စည်ပင်၊ ပညာရေး၊ ကျန်းမာရေး ၊ ထွေအုပ် နှင့် သမဝါယာမဝန်ထမ်းတွေကလည်း ဝတ်စုံဖြင့် ပါဝင်ဈေးရောင်းပေးနေကြောင်း ဆိုပါတယ်။

စစ်ကောင်စီဟာ သက်သာဈေးနဲ့ ဟားခါးမြို့တွင် စက်တင်ဘာ ၁၀ ရက်ကလည်းကောင်း၊ ဖလမ်းမြို့တွင် စက်တင်ဘာ ၁၂ ရက်က လည်းကောင်း၊ တီးတိန်မြို့တွင် စက်တင်ဘာ ၁၄ ရက်က လည်းကောင်း၊ မတူပီမြို့တွင် စက်တင်ဘာ ၁၉ ရက်ကလည်းကောင်း၊ မင်းတပ်တွင် စက်တင်ဘာ ၂၁ ရက်ကလည်းကောင်း ရောင်းချခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းများ

တော်လှန်ရေး ၄ နှစ်ပြည့်အထိန်းအမှတ်အဖြစ် မတူပီမြို့နယ် CDM ကော်မတီမှ အချက် ၃ ချက်ပါသဘောထား ထုတ်ပြန်

၇၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်ကောင်စီက လက်နက်အားကိုးပြီး မတရားသဖြင့် အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ပြည့် အထိန်းအမှတ် အဖြစ် မတူပီမြို့နယ် CDM ကော်မတီက အချက် ၃ ချက်ပါ သဘောထားကို ဒီကနေ့ထုတ်ပြန်ထားပါတယ်။ ...

ဆက်ဖတ်ရန်