ပလက်ဝအတွက် ဆန်၊ဆီသယ်လာတဲ့ကားကို လက်နက်ကိုင်တပ်ဖွဲ့ကမီးရှို့

မတူပီမြို့မှ ပလက်ဝအတွက် ဆန် နဲ့ ဆီသယ်လာတဲ့ (၁၂)ဘီးကားတစ်စီးကို ပလက်ဝမရောက်ခင် (၁၀)မိုင်အလိုမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ ဒီမနက် (၁၀)နာရီခန့်တွင်မီးရှို့ဖျက်ဆီးကြတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။

အခုချိန်တွင် ပလက်ဝမြို့ နဲ့ ကျောက်တော်သွားတဲ့ ရေယာဉ်လမ်းကြောင်းကိုပိတ်ထားသဖြင့် ပလက်ဝ-ဆမီး-မတူပီကားလမ်းကနေ မတူပီမြို့မှာ ရိက္ခာသွားရောက်သယ်ယူခဲ့တာဖြစ်ပါတယ်။
လက်နက်ကိုင်တွေမီးရှို့တဲ့ ကားပေါ်တွင် ဆန်ဆီဆားအပြင် ဒီဇယ် နဲ့ အောက်တိန်း အလုံး (၄၀)ဆီတင်ထားပါတယ်။

ပလက်ဝမြို့ဒေသခံတစ်ဦးက “ဒီသတင်းကို ကျနော်တို့ကြားသိတာက ညနေ (၃)နာရီလောက်က အနီးနားက ကျေးရွာတွေကတစ်ဆင့်ကြားရတယ်။ အင်တာနက်လိုင်းတွေပိတ်ထားတော့ သတင်းအပြည့်အစုံမသိရသေးဘူး။ ဆီတွေက ကာလ်တောင်တန်းကုမ္မဏီအတွက်လို့ အကြမ်းဖျမ်းသိရတယ်။ ကားပေါ်မှာ ဘယ်သူ့ပစ္စည်းတွေပါလဲဆိုတာလဲမသိရသေးဘူး။ ကားမီးရှို့တာကတော့ ပလက်ဝကနေ (၁၀)မိုင်အကွာ ပလက်ဝ နဲ့ ဆမီးကြားမှာလို့သိရတယ်” လို့ပြောပါတယ်။

လက်ရှိ ပလက်ဝမြို့နယ်တွင် အရေးပေါ်အခြေအနေမှာထုတ်သုံးဖို့ သိုလှောင်ထားတဲ့ ဆန်တွေအားလုံး ဖြန့်ဝေသွားပြီဖြစ်တဲ့တွက် အလွန်ဆုံးတစ်လသာ စားဖို့ကျန်ပါတော့တယ်။

(Zawgyi)

ပလက္ဝအတြက္ ဆန္၊ဆီသယ္လာတဲ့ကားကို လက္နက္ကိုင္တပ္ဖြဲ႔ကမီးရိႈ႕

မတူပီၿမိဳ႕မွ ပလက္ဝအတြက္ ဆန္ နဲ႔ ဆီသယ္လာတဲ့ (၁၂)ဘီးကားတစ္စီးကို ပလက္ဝမေရာက္ခင္ (၁၀)မိုင္အလိုမွာ လက္နက္ကိုင္တပ္ဖြဲ႔တစ္ဖြဲ႔ ဒီမနက္ (၁၀)နာရီခန္႔တြင္မီးရိႈ႕ဖ်က္ဆီးၾကတယ္လို႔ ေဒသခံေတြဆီက သတင္းရရွိပါတယ္။

အခုခ်ိန္တြင္ ပလက္ဝၿမိဳ႕ နဲ႔ ေက်ာက္ေတာ္သြားတဲ့ ေရယာဥ္လမ္းေၾကာင္းကိုပိတ္ထားသျဖင့္ ပလက္ဝ-ဆမီး-မတူပီကားလမ္းကေန မတူပီၿမိဳ႕မွာ ရိကၡာသြားေရာက္သယ္ယူခဲ့တာျဖစ္ပါတယ္။


လက္နက္ကိုင္ေတြမီးရိႈ႕တဲ့ ကားေပၚတြင္ ဆန္ဆီဆားအျပင္ ဒီဇယ္ နဲ႔ ေအာက္တိန္း အလံုး (၄၀)ဆီတင္ထားပါတယ္။

ပလက္ဝၿမိဳ႕ေဒသခံတစ္ဦးက “ဒီသတင္းကို က်ေနာ္တို႔ၾကားသိတာက ညေန (၃)နာရီေလာက္က အနီးနားက ေက်းရြာေတြကတစ္ဆင့္ၾကားရတယ္။ အင္တာနက္လုိင္းေတြပိတ္ထားေတာ့ သတင္းအျပည့္အစံုမသိရေသးဘူး။ ဆီေတြက ကာလ္ေတာင္တန္းကုမၼဏီအတြက္လုိ႔ အၾကမ္းဖ်မ္းသိရတယ္။ ကားေပၚမွာ ဘယ္သူ႔ပစၥည္းေတြပါလဲဆိုတာလဲမသိရေသးဘူး။ ကားမီးရိႈ႕တာကေတာ့ ပလက္ဝကေန (၁၀)မိုင္အကြာ ပလက္ဝ နဲ႔ ဆမီးၾကားမွာလို႔သိရတယ္” လို႔ေျပာပါတယ္။

လက္ရွိ ပလက္ဝၿမိဳ႕နယ္တြင္ အေရးေပၚအေျခအေနမွာထုတ္သံုးဖို႔ သိုေလွာင္ထားတဲ့ ဆန္ေတြအားလံုး ျဖန္႔ေဝသြားျပီျဖစ္တဲ့တြက္ အလြန္ဆံုးတစ္လသာ စားဖို႔က်န္ပါေတာ့တယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်