ပီးချောင်းဘက်ရှိ ကျေးရွာများကို ရက္ခိုင့်တပ်တော်(AA) ဂိတ်တွေက ဆန်သယ်ယူမူ ကန့်သတ်ထားဆဲ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပီချောင်းဘက်ရှိ ကျေးရွာများကို ရက္ခိုင့်တပ်တော်(AA)က ဆန်သယ်ယူမှုတွေကန်သတ်မူ ရှိနေသေးသည်ဟု ဒေသခံတွေဆီက သိရှိရသည်။

ပီချောင်းဒေသခံတစ်ဦးက “ကျွန်တော်တို့ ဆန်ကို ကျောက်တော်ဘက်က ဝယ်ရတယ်။ ကိုယ်ဝယ်ချင်သလောက် ဝယ်လိုမရသေးဘူး။ ငါတရံ AA ဂိတ်ရောက်တော့ ဆန်သယ်ယူတဲ့ခါ ကန့်သတ်ထားတယ်။ ကျွန်တော်တို့အဓိက အလုပ်မအားတော့ ကျောက်တော် ခဏခဏ မသွားနိုင်ဘူးလေ။ သွားတဲ့အချိန် တခါတည်း စုဝယ်ပြီး သယ်ချင်တဲ့ သဘောပါ”ဟု ဆိုသည်။

ပီချောင်းဘက်ရှိ ကျေးရွာများသည် ဆန်နဲ့ အခြားစားသောက်ကုန် ပစ္စည်းများကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို ပီချောင်းရေလမ်းကို အဓိကထားပြီး ဝယ်ယူနေရကြောင်း သိရှိရသည်။

“သူတို့က အသွားပြန် စစ်ဆေးတယ်။ ကျောက်တော်က ပြန်လာရင် ပစ္စည်းတွေ ဖွင့်ပြီး စစ်တယ်။ အဓိက မူးယစ်ဆေး စစ်တာလို့ပြောတယ်။ ပြီးတော့ ဆန်အိတ်များရင် အရမ်းစစ်တယ်။ ခဝဲရွာမှာက မြန်မာစစ်တပ်ရှိတယ်။ သူတို့အတွက် ဝယ်ပေးတာဖြစ်မယ်လို့ AA တွေက ထင်ကြတယ်”ဟု ဒေသခံက ဆိုသည်။

တစ်နှစ်ကျော်ကြာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ အပစ်ခတ်ရပ်စဲကာ ပီချောင်းဘက်တွင် ၎င်းတို့က အပြန်အလှန် စခန်းချ ဂိတ်တွေ ဖွင့်ပြီး စစ်ဆေးမူ ပြုလုပ်ကြသည်။ ခဝဲရွာ အောက်ပိုင်းကို ရက္ခိုင့်တပ်တော်(AA)က စစ်ရေးလှုပ်ရှား၍ ခဝဲရွာနှင့်အထက်ပိုင်းတွင် စစ်‌ကောင်စီက ဂိတ်တွေ၊ စခန်းတွေ ချပြီး စစ်ရေးလှုပ်ရှားသည်ဟု သိရှိရသည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်