ဖလမ်းမြို့မှာကချင်စစ်ဘေးရှောင်ပြည်သူတွေတွက် ဆုတောင်းပွဲနဲ့ အလှူငွေကောက်ခံမယ်

ကချင်စစ်ဘေးရှောင်ပြည်သူတွေအတွက် ဖလမ်းမြို့ ဖလမ်းနှစ်ခြင်းအသင်းတော်မှာ မေလ(၂၁)ရက်မှာ တစ်မြို့လုံးဆုတောင်းပွဲပြုလုပ်မယ်လို့သိရပါတယ်။

ဓာတ်ပုံ-Kachin Youth Movement

“စာနဲ့တော့ကြေညာထားပြီ။ မနက်ဖြန် ဘုရားကျောင်းမှာလည်း ထပ်ပြီးတော့ ကြေညာဖို့ပြောထားတယ်။ ပြီးတော့ မေ(၂၂)ရက်မှာ ဖလမ်းမြို့လူငယ်တွေက တစ်အိမ်တက်ဆင်းနဲ့ အလှူငွေကောက်ခံသွားမယ်”လို့ ဖလမ်းမြို့ဒေသခံ ဆလိုင်းငယ်ပီးကဆိုပါတယ်။

Zalen ad

ဓာတ်ပုံ-Kachin Youth Movement

ဒီ့ပြင် မနက်ဖြန် (မေ၂၀)ရက်မှာလည်း အမေရိကန်ရောက် ချင်းအသင်းတော်တွေမှာ ကချင်စစ်ဘေးရှောင်တွေကူညီဖို့ သီးသန့်အလှူငွေကောက်ခံမယ်လို့သိရပါတယ်။ တခြားချင်းလူမှုအဖွဲ့အစည်းတွေကလည်း ကချင်စစ်ဘေးရှောင်တွေကူညီဖို့ အလှူငွေကောက်ခံလျက်ရှိပါတယ်။

Photo-Kachin Youth Movement

ကချင်ပြည်နယ် စစ်ပွဲဟာ ဧပြီလဆန်းကစပြီးပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်လူဦးရေ ၇၄၀၀ ကျော်ရှိလာတာကြောင့် နေရာထိုင်ခင်းအခက်အခဲတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။ တချို့စစ်ဘေးရှောင်တွေဟာ တောထဲမှာအခုထိပိတ်မိနေပြီး ၎င်းတို့ကို စားနပ်ရိပ်က္ခာထောက်ပံ့မှုလည်းမရခဲ့ကြပါ။

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်