ဖလမ်းမြို့ စစ်ကောင်စီစခန်းကို CNA ကဝင်ရောက်တိုက်ခိုက်၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ၊ ရွာသား ၃ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ခလရ(၂၆၈) တပ်ရင်းကို CNA က ယနေ့ဩဂုတ် ၁၂ ရက်မနက် ၁ နာရီတွင် နှစ်နာရီကြာဝင်ရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုကင်းနဲ့ လက်နက်ရုံကိုဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး တပ်ရင်းမှူးလည်း ဒဏ်ရာရရှိကြောင်း သိရတယ်။ CNA နဲ့အတူပါလာတဲ့ CDF KKG ကတစ်ဦးလည်းကျဆုံးသွားပါတယ်။

CNDF ကာကွယ်ရေးအတွင်းရေးမှူး ကိုပါဗျက်က “စစ်ကောင်စီစခန်းသွားတက်တာ ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဆီမှာ တိုင်ပင်တာ၊ အကြောင်းကြားခြင်း မရှိတာတော့ စိတ်မကောင်းဘူး”လို့ပြောပါတယ်။

ဒီမနက် မိုးလင်းတဲ့ချိန်မှာ ခလရ (၂၆၈) တပ်ရင်းကနေ ဖလမ်းမြို့နားက ကျေးရွာများပေါ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လို့ Sunthla ကျေးရွာက မိသားစုဝင် သုံးဦး အသက် (၄၀)အရွယ်မိခင်၊ အသက် (၁၈)နှစ်အရွယ်သား၊ အသက် ၁၀နှစ်အရွယ် သမီးတို့ထိခိုက်ဒဏ်ရာရရှိပါတယ်။

ဒီမနက် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီက ဂျက်လေယာဉ်တစ်စင်းဖြင့် ဖလမ်းမြို့နယ် ဖလမ်း-ဟားခါး ကားလမ်းမပေါ်ရှိ ရမ်ထလိုကျေးရွာကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်