ဖလမ်းမြို့ ဆန္ဒပြ ခေါင်းဆောင် ၂ ဦးကို ဖမ်းဆီးဖို့ ရဲက အမှုဖွင့်ထား

ဖလမ်းမြို့တွင် ဆန္ဒပြဦးဆောင်သူ ၂ ဦးကို ဒီကနေ့ ရဲက ဖမ်းဆီးဖို့ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားတယ်လို့ သတင်းရရှိပါတယ်။

ဖလမ်းမြို့နယ် ရဲစခန်း ဒုရဲမှူး သိန်းဇော်က “ဆန္ဒပြလို့အမှုဖွင့်တာပေါ့ဗျာ။ ရဲပိုင်တဲ့အမှုဆိုတော့ ဝရမ်းထုတ်စရာမလိုဘူး။ ရဲက အချိန်မရွေးဖမ်းလို့ရတယ်လေ။ သူတို့ကို ၅၀၅ (က)နဲ့အမှုဖွင့်ထားတယ်။ နာမည်တွေကတော့ တရားခံမမိသေးလို့ ပြောလို့မရသေးဘူး” လို့ပြောပါတယ်။

ပြင်ပမှာတော့ အမှုဖွင့်ခံရတဲ့ လူငယ်တွေဟာ ဒေးဗစ် နဲ့ ဇာဗျက်လျန်လို့ သတင်းထွက်ပေါ်နေပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)ဟာ ဆန္ဒပြသူတွေအများစုကို အမှုဖွင့်တဲ့ပုဒ်မဖြစ်ပြီး ယင်းပုဒ်မဟာ အာမခံမရတဲ့ပုဒ်မဖြစ်သလို ထောင် (၃)နှစ်ထိချမှတ်နိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။

Zalen ad

လက်ရှိ ဖလမ်းမြို့တွင် ဆန္ဒပြတဲ့သူ ၃ ဦးဖမ်းဆီးထားပြီး ပုဒ်မ ၅၀၅ (က)နဲ့စွဲချက်တင်ပြီး အမှုရင်ဆိုင်နေကြပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့ကို သိမ်းဖို့လာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ် စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ပိတ်မိနေ

မေ ၁၆၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ဖို့ အရပ်မျက်နှာ သုံးဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ ညှပ်တိုက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းခုလတ်တွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားကာ ရှေ့ဆက်မတိုးနိုင်ဘဲ ...

ဆက်ဖတ်ရန်