ဖိုင်ဇာရွာမှာ ကျောင်းသားတစ်ဝက်လောက်ဖျားနာကြတာကြောင့် ကျောင်းပိတ်ခဲ့ရ

ဖိုင်ဇာရွာမှာ ကျောင်းသားတစ်ဝက်လောက်ဖျားနာကြတာကြောင့် ကျောင်းပိတ်ခဲ့ရ

တီးတိန်မြို့နယ် ဖိုင်ဇာကျေးရွာတွင် ကျောင်းသူ၊သား တစ်ဝက်လောက် ရောဂါတစ်မျိုးနဲ့ဖျားနာကြတာကြောင့် စက်တင်ဘာ (၆)ရက် နေ့လည်ကစပြီးကျောင်းပိတ်ခဲ့ရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှသတင်းရရှိပါတယ်။

ဖိုင်ဇာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)တွင် ကျောင်းသူ၊သားး ၂၃၀ ဦးရှိတဲ့အနက် ၁၁၀ဦးဟာ ဖျားနာကြတာကြောင့် ကျောင်းမတက်နိုင်ခဲ့ကြပါ။

တွန်းဇံမြို့နယ် ဇမ်ပီးကျေးရွာက လူနာတွေကို သြဂုတ်လ (၂၆)ရက်နေ့တုန်းကတွေ့ရစဉ်

ဖိုင်ဇာကျေးရွာအုပ်ချုပ်ရေးမှူး ဦး နန်ဂိုထန်က “အခုလိုဖျားလာတာ တစ်ပတ်လောက်ရှိပြီ။ အများစုက ၁၅ နှစ်အောက် ကလေးတွေဖြစ်တယ်။ လူကြီးကတော့ ၁၀ ယောက်လောက်ပဲရှိမယ်။ ဖျားတဲ့ပုံက ကိုယ်ပူတယ်၊ ခေါင်းကိုက်တယ်။ အခုတွီးထန်းဆေးရုံအုပ်နဲ့ သူနာပြုဆရာမ ၃ ယောက်က ဆေးကုပေးနေတယ်။ ဆရာဝန်ကတော့ ထူးခြားတာဘာမှမရှိဘူးတဲ့။ ကျောင်းပိတ်တာက သောကြာနေ့ ညနေပိုင်းကပိတ်တာပါ။ ကျောင်းသားတစ်ဝက်လောက်မလာနိုင်တာကြောင့် ကျောင်းမတက်တဲ့သူတွေစာမလိုက်နိုင်မှာစိုးလို့ ဆရာ၊မတွေပိတ်ပေးတာပါ။ မနှစ်တစ်နှစ်ကလည်း ဘာရောဂါလည်းမသိဘူး။ အခုလိုဖျားကြဖူးတယ်” လို့ဆိုပါတယ်။

Zalen ad

ဖိုင်ဇာကျေးရွာဟာ အိမ်ခြေ (၁၇၉)အိမ်ရှိပြီး တီးတိန်မြို့ရဲ့အနောက်ဘက် ၁၈ မိုင်အကွာအဝေးမှာရှိပါတယ်။ ယင်းကျေးရွာမှာ ဆေးကုသပေးနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ဖုန်းဆက်ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါ။

အရင်လတုန်းကလည်း တီးတိန်မြို့ပြည်သူဆေးရုံနဲ့ တွန်းဇံမြို့ ဇမ်ပီးကျေးရွာတို့တွင် ကလေးတွေအများအပြားဖျားနာကြပါတယ်။

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်