ဘူးသီးတောင်မြို့နယ်မှာ မြိုအမျိုးသားနှစ်ဦး တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေ

၁၇၊ မလေ၊ ၂၀၂၄

Zalen

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာအမျိုးသား တစ်ဦးဆီ အပ်နှံထားတဲ့ နွားတွေကို သွားကြည့်တဲ့ မြိုအမျိုးသား နှစ်ဦး တစ်ပတ်ကျော်ထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ဇော်ဘော်ကျေးရွာမှာ နေထိုင်တဲ့ ရိုဟင်ဂျာ အမျိုးသား တစ်ဦးဆီ အပ်နှံထားတဲ့ နွားတွေကိုသွားကြည့်နေတဲ့ မြိုအမျိုးသား နှစ်ဦးဟာ နေအိမ်ပြန်ရောက်မလာသေးဘဲ ပျောက်ဆုံးနေတယ်လို့ သိရပါတ။

“မေလ ၁၀ ရက်နေ့ ညနေလောက်က ရိုဟင်ဂျာရွာက အသိတစ်ယောက်ဆီ အပ်ထားတဲ့ နွားတွေကြည့်ဖို့ဆိုပြီး နှစ်ယောက်သွားကြတာ အခုထိ ပြန်မလာသေးဘူး။ ရွာသားတွေက စိတ်ပူလို့ ဓမ္မဆရာ တစ်ယောက်အပါဝင် လူလေးယောက် ထပ်ရှာတယ်။ အဲ့မှာ ရိုဟင်ဂျာစစ်သားတွေက ဝိုင်းရိုက်ပြီး ရှာဖို့မပေးဘူး။ ပျောက်သွားတဲ့ နှစ်ယောက်လည်း အသတ်ခံရတာဖြစ်ဖို့များတယ်။”လို ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲ့ဒီ ပျောက်သွားတဲ့ မြိုအမျိုးသားနှစ်ဦးကို လိုက်ရှာတဲ့ မြိုဓမ္မဆရာအပါဝင် လေးဦးကိုလည်း ရိုဟင်ဂျာလက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက လိုက်ရှာခွင့် မပေးတဲ့အပြင် ရိုက်နှက်ပြီး ပြန်လွတ်လိုက်တယ်လို့ သိရပါတယ်။

ပျောက်ဆုံးသွားတဲ့ မြိုအမျိုးသား နှစ်ဦးဟာ ကင်းချောင်းရွာက အသက် (၅၅)နှစ်အရွယ် ဦးဇာနီဖြူ၊ ဘီစတူရွာက အသက် (၅၁) အရွယ် ဦးကာထွန်းအောင်လို့ သိရပါတယ်။

အဲ့ဒီ မြိုအမျိုးသားနှစ်ကို ရွာသားတွေက အသတ်ခံရပြီလို့လည်း ယူဆကြပြီလို့လည်း သိရပါတယ်။

သတင်း – ဆလိုင်းအောက်ချင်း

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်