မင်းတပ်မြို့နယ် ဟီးလောင်းကျေးရွာမှာ တစ်ရွာလုံး ရာသီပေါ်တုပ်ကွေးမိ

မင်းတပ်မြို့နယ် ဟီးလောင်းကျေးရွာမှာ ရာသီပေါ်တုပ်ကွေးရောဂါဖြစ်လို့ (၇)ဦးကို မင်းတပ်ပြည်သူ့ဆေးရုံသို့ကုသနေပါတယ်။
စက်တင်ဘာ(၁၅)ရက်တွင် တုပ်ကွေးစတင်ဖြစ်ပွားပြီး လက်ရှိ ကျေးရွာကျောင်းလည်းပိတ်ထားကြပါတယ်။

ဟီးလောင်းကျေးရွာအုပ်စုတာဝန်ရှိသူတစ်ဦးက “ရောဂါက တစ်ရွှာလုံးလိုလိုဖြစ်တာ။ ဒါပေမယ့် စိုးရိမ်စရာတော့မရှိဘူး။ အများဆုံးက နှာစေးချောင်းဆိုးရယ်၊ (၇)ယောက်က နှာခေါင်းသွေးယိုလို့ မင်းတပ်ပြည်သူ့ဆေးရုံကိုပို့လိုက်ရတယ်။ အခုတော့ ကျန်းမာရေးဝန်ထမ်း(၁၄)ယောက်က ကုသနေတယ်”လို့ဆိုပါတယ်။
ဟီးလောင်းကျေးရွာဟာ အိမ်ခြေ(၇၃)အိမ်နဲ့ လူဦးရေ (၁၂၅)ဦးရှိပါတယ်။

နောက်ဆုံးရသတင်းများ

ဆက်လက်ဖတ်ရှုရန်