မင်းကင်းမြို့နယ်လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ ၇ ဦးတိုးလာ၊ယနေ့ထပ်မံလေကြောင်းတိုက်ခိုက်

၄၊ဇွန်၊၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် မတောရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဇွန်လ၃ရက်နေ့မှာ

လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သား ၂၂ဦးသေဆုံးခဲ့ပြီး အချိန်မှီဆေးကုသခွင့်မရတာကြောင့် သေဆုံးသူ ဦးရေ ၂၉ ထိရှိလာတယ်လို့ သိရပါတယ်။

ယနေ့ ဇွန်လ ၄ရက်နေ့ မနက် ၁၀နာရီဝန်းကျင်မှာ မင်းကင်းမြို့နယ်၊ပျဉ်းကိုင်းကျေးရွာကို စစ်ကောင်စီက ထပ်မံလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“မနေ့ကတော့ ပွဲချင်းသေသွားတာ ၂၂ယောက်ရှိတယ်။ဒဏ်ရာပြင်းထန်ပြီး ဆေးကုဖို့မမှီလိုက်လို့ မနေ့ညမှာထပ်သေတာတွေရှိတယ်။စုစုပေါင်းက ၂၉ယောက်ရှိပြီ၊ထပ်တိုးလာနိုင်တယ်”လို့ မင်းကင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့်စစ်ကြောင်းထိုးနေတာကြောင့် မတောရွာအပါအဝင်ရွာ၆ရွာရှိ ဒေသခံပြည်သူထောင်နဲ့ချီဟာ ဘေးလွတ်ရာ တောထဲကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

သတင်း- HAK

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်