မဏိပူရ်ပြည်နယ်မှာ မတရားဖမ်းဆီးခံရတဲ့ စစ်ရှောင်များနဲ့ပတ်သတ်ပြီး စစ်ကိုင်းဖက်ဒရယ်ကောင်စီက အန္ဒိယအစိုးရထံ ပန်ကြားလွှာပေးပို့

၂၁၊ဇွန်၊၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ မတရားဖမ်းဆီးခံရတဲ့ စစ်ဘေးရှောင်များကိုမြန်မာနိုင်ငံသား ၉၇ဦးတို့ကိုအမြန်ဆုံးလွတ်ပေးရန်နှင့် လူသားဂုဏ်သိက္ခာနှင့်အညီ ရှေ့နေဌားခွင့် ခုံခံချေပခွင့်ပြုဖို့ စစ်ကိုင်းဖက်ဒရယ်ကောင်စီက အိန္ဒိယအစိုးရထံ ပန်ကြားလွှပေးပို့ခဲ့ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုနှင့်စစ်ကောင်စီရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွါထွက်ပြေးလာတဲ့ ဒုက္ခသည်များကိုဖမ်းဆီးထောင်ချတဲ့အပြင် အခွင့်အရေးအပြည့်ဝမရမှုကြောင့်ထောင်အတွင်း ဒီမိုကရေစီနည်းလမ်းနှင့်အညီ ဆန္ဒထုတ်ဖော်တဲ့သူတွေကိုလည်း အကြမ်းဖက်နှိမ်နှင်းလျက်ရှိတယ်လို့ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)ကရေးသားဖော်ပြထားပါတယ်။

Zalen ad

ဖမ်းဆီးရခံတဲ့ ဒုက္ခသည်တွေဟာ ထောင်အတွင်း ၆ရက်ဆက်တိုက် အစာငတ်ခံဆန္ဒထုတ်ဖော်ကြပြီး

ယနေ့ ဇွန်လ ၂၁ရက်နေ့မှာ အစာငတ်မှုကြောင့် အသက်ကြီးပိုင်းဒုက္ခသည် ၂ဦးဟာ ကိုယ်ခန္ဓာမလှုပ်နိုင်တော့တာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့လည်းသိရပါတယ်။

ဖမ်းဆီးခံရတဲ့ စစ်ဘေးဒုက္ခသည်များကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်ထဲကို လွဲပြောင်းခြင်းမပြုဖို့နှင့် ရှေ့နေဌားခွင့်ခုခံချေပခွင့်များကို စီစဉ်ပေးဖို့ မေတ္တာရပ်ခံတယ်လို့ ပန်ကြားလွှာမှာရေးသားထားပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်များကို မဏိပူရ်အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားကာ ခေတ္တခိုလှုံနေထိုင်ခွင့် စီစဉ်ပေးဖို့နှင့်စစ်ဘေးဒုက္ခသည်များကို တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးအရေးယူမှုတွေ မပြုလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။

သတင်း_HAK

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်