မဏိပူရ်မှာ နာဂ-ကူကီး ပဋိပက္ခကြောင့် မြန်မာစစ်ရှောင်များ ရွှေ့ပြောင်းနေရ

မေ ၇ ရက်၊ ၂၀၂၆

Zalen

မဏိပူရ်ပြည်နယ်မှာ နာဂလူမျိုးများနဲ့ ကူကီးလူမျိုးကြား ပဋိပက္ခပြင်းထန်နေလို့ နာဂအများစုနေထိုင်တဲ့ ဒေသကို မြန်မာစစ်ရှောင်များ နေရာရွေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစတင်ခဲ့တဲ့ နာဂလူမျိုးများနဲ့ ကူကီးလူမျိုးများကြား လူမျိုးရေးပဋိပက္ခဖြစ်ပွားမှုဟာ တဖြည်းဖြည်းပြင်းထန်လာတာကြောင့် နာဂအများစုနေထိုင်တဲ့ ဒေသက မြန်မာစစ်ရှောင်များ အခုလိုနေရာ ရွှေ့ပြောင်းနေကြရတာဖြစ်ပါတယ်။

Zalen ad

“နာဂနဲ့ – ကူကီး လူမျိုးရေးပြဿနာက တဖြည်းဖြည်းပြင်းထန်လာတော့ အဲဒီမှာမနေရဲကြတော့ဘူးလေ။ မြန်မာဘက်ရွှေ့တဲ့လူကရွှေ့ကြ မိုးရေးဘက်ရွှေ့တဲ့သူက ရွှေ့ကြတာ” လို့ စစ်ရှောင်များနဲ့နီးစပ်သူတဦးက Zalen ကိုပြောပါတယ်။

အဲဒီလို ရွှေ့ပြောင်းနေတဲ့ စစ်ရှောင်များဟာ ကူကီးလူမျိုးအများစုဖြစ်ပြီး မဏိပူရ်ပြည်နယ် ကမ်ဂျွန်ခရိုင် ထာနာကျေးရွာနဲ့ အနီးတဝိုက်ကျေးရွာများက မြန်မာစစ်ရှောင်များလို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မဏိပူရ်ပြည်နယ် Ukhrul ခရိုင်၊ လီတန် ကျေးရွာမှာ နာဂနဲ့ကူကီး လူမျိုး ပုဂ္ဂိုလ်ရေးရန်ပွဲကနေ လူမျိုးရေးပြဿနာအဖြစ်အသွင်ကူးပြောင်းလာပြီး ပဋိပက္ခပိုမိုပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

သတင်း – BANABA

ပုံစာ – ဌာနေကျေးရွာအားတွေ့ရစဉ်

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းပစ်ခတ်မှု သုံးရက်ဆက်တိုက်ပြုလုပ်

မေ ၁၃ ၊၂၀၂၆Zalen ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ် ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၃ ရက်ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ဒီကနေ့ ညနေ ၄ နာရီ၀န်းကျင်တုန်းကလည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းကနေ တကြိမ် ...

ဆက်ဖတ်ရန်