မတူပီမြို့က စစ်ကောင်စီတပ်သား ၇ ဦးခန့်လက်နက်တွေနဲ့အတူ ထွက်ပြေးဟုဆို

ချင်းပြည်နယ် ၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်သား ၇ ဦးခန့်ဟာ လက်နက်အပြည့်အစုံဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့နဲ့ ထွက်ပြေးသွားကြောင်း စစ်တပ်ဖက်က လာသော သတင်းအရင်းအမြစ်များရ သိရပါတယ်။

စစ်ကောင်စီတပ်သား ၇ ဦးခန့် ထွက်ပြေးသွားကြောင်း ဆိုသော်လည်း အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။ တစ်ချို့ကတော့ စစ်သား ၄ ဦးနှင့် ရဲ ၂ ဦး လက်နက်အပြည့်အစုံအပြင် RPG လောင်ချာကိုလည်း ယူသွားကြကြောင်းလည်း သတင်းများထွက်နေပါတယ်။

ဒီလို သတင်းထွက်လာပြီးနောက် မတူပီမြို့တွင် ကောင်စီတပ်သားများဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့ကစပြီး မြို့အနီးအနားတစ်လျှောက် ရုပ်ရုပ်သဲသဲဖြင့် ရှာဖွေမှုများ လုပ်ဆောင်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်များကိုလည်း ပစ်ခတ်နေကြကြောင်း သိရပါတယ်။ ထို့အပြင် မတူပီမြို့အတွင်း အဝင်အထွက်ကိုလည်း ၃ ရက်အထိ ပိတ်မည်ဟုလည်း သတင်းရရှိပါတယ်။

မတူပီမြို့အဝင်အထွက်ကို ပိတ်လိုက်သောကြောင့် ပခုက္ကူကနေ မတူပီမြို့ကို ကားဖြင့် ပြန်လာကြသော ခရီးသည်များဟာ လည်မျိုမြစ်တွင် ပိတ်မိနေကြောင်း၊ မနေ့ညတွင် အလွန်ချမ်းသောကြောင့် ချန်းပြန်းရွာသို့ ဝင်အိပ်ရင်း မီးလှုံခဲ့ကြသော်လည်း စစ်ကောင်စီတပ် ခလရ ၃၀၄ ကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် တောထဲကိုထွက်ပေးခဲ့ကြကြောင်း ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်