မတူပီမြို့တွင် စစ်ကောင်စီဗိုလ်ဗှူး ပစ်သတ်ခံရပြီးနောက် CDM ဆရာဝန်လင်မယားအပါအဝင် ၆ ဦးဖမ်းဆီးခံရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာတွင် ဇွန်လိုင်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဗျူဟာမှူးရဲ့ လူယုံတော် ဗိုလ်ဗှူးသန်းနိုင်ဝင်း ပစ်သတ်ခံရပြီးနောက် CDM ဆရာဝန်လင်မယားအပါအဝင် ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးတယ်လို့သတင်းရရှိပါတယ်။

ဗိုလ်မှူးသန်းနိုင်ဝင်း ပစ်သတ်ခံရမှူနဲ့ ပတ်သက်ပြီး ဖနိုင်ကျေးရွာတွင် နေထိုင်သော CDM ဆရာဝန်နဲ့သူ့မိန်းမကို မနေ့ဇူလိုင် ၁၆ ရက်က စစ်ကောင်စီက အဖမ်းခံလိုက်ရကြောင်း ဖနိုင်ရွာသားများက ပြောပါတယ်။

ဖနိုင်ရွာ သားတစ်ဦးက”ဟိုလူပစ်သတ်ခံရတဲ့ နေရာနီးနားမှာနေတဲ့ CDM လုပ်ထားတဲ့ မင်းတပ်က ဆရာဝန်နဲ့ သူ့မိန်းမကို ဖမ်းခဲ့ကြတယ်။ အဲ့ ဆရာဝန်က အရက်ချက်၊ ခေါင်းရည်လုပ်ပြီး ငွေရှာတာ။ သူကပဲ ဗိုလ်မှူးသန်းနိုင်ဝင်းကို ဆက်သွယ်ခဲ့တယ် လို့ စွပ်စွဲပြီး ဖမ်းလိုက်တာ။ ပြီးတော့ ခြံစောင့် လင်မယား ၂ ယောက်လည်းဖမ်းကြတယ်”လို့ ‌ ပြောပါတယ်။

CDF-Matupi ရဲ့ ယနေ့ ဇူလိုင် ၁၇ ရက် ထုတ်ပြန်ချက်တွင် ၁၅ ရက်နေ့တွင် ဗိုလ်မှူးသန်းနိုင်ဝင်း ပစ်သတ်ခံရပြီးနောက် ဒေသခံ ၆ ဦးအဖမ်းခံရကြောင်း ၎င်းတို့နဲ့လုံးဝပတ်သက်မှုမရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဖနိုင်ရွာသားများရဲ့ ပြောကြားချက်အရ ဆရာဝန် လင်မယား အပါအဝင် ၄ ယောကျ အဖမ်းခံရတယ်လို့ ဆိုကြပါတယ်။

နောက်ဆုံးရသတင်းများ

ရေဇွာမြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလို့ စစ်ကောင်စီဘက်မှလေကြောင်းအသုံးပြုလာ

၂၈ ၊ နိုဝင်ဘာ ၊ ၂၀၂၃ Zalen ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ ရေဇွာ မြို့ စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတယ်လို့သိရပါတယ်။ ရေဇွာ မြို့အခြေစိုက်စခန်းသိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၂၆ ...

ဆက်ဖတ်ရန်