မတူပီမြို့တွင် ၂ ပတ်နီးပါး မီးပျက်သောကြောင့် မြို့ခံများ ချက်ပြုတ်ရေးအခက်တွေ့

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်ဖြစ်ပွားခဲ့သော CDF-Mindat နှင့် စစ်ကောင်စီတပ်တို့အကြားက တိုက်ပွဲတွင် စစ်ကောင်စီက ပစ်လိုက်သော လက်နက်ကြီးကြောင့် မင်းတပ်မြို့ကနေ မတူပီမြို့ကိုသွယ်တန်းထားသော ဓါတ်တိုင်ပျက်စီးသွားခဲ့ပြီးနောက် မတူပီမြို့တွင် မီးမရတော့တာ ခုဆို ၂ ပတ်နီးပါးရှိလာပြီဖြစ်ပါတယ်။

ချက်ပြုတ်ရန်အတွက် လျှပ်စစ်မီးနှင့် ထင်းမီးကို အားကိုးရသော မတူပီမြို့ပေါ်က ပြည်သူများအတွက်တော့ မီးပျက်သောကြောင့် ချက်ပြုတ်ရေး အဆင်မပြေတော့ကြောင်း မြို့ခံများက ပြောပါတယ်။

“မီးသွေးလည်း သုံးခဲ့ကြပါတယ်၊ ဒါပေမယ့် လူတွေသိပ်မသုံးတော့ ဆိုင်တွေမှာလည်း အများကြီး မရှိဘူးလေ။ ဒီလိုဖြစ်လာတော့ အကုန်လုဝယ်ကြတာ အခု မရတော့ဘူး။ ထင်းခုတ်ဖို့ကလည်း တောထဲကို ထင်းရှာသွားဖို့ကိုလည်း ကြောက်နေရတယ်။ ဒါကြောင့် အိမ်ကျိုအိမ်ကြားက အမှိုက်တွေသုံးပြီး ထမင်းဟင်းချက်နေရတယ်” ဟု မြို့ခံတစ်ဦးက ပြောပါတယ်။

မတူပီမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံတာဝန်ရှိသူများ၏ ပြောဆိုချက်အရတော့ ဒီဇင်ဘာလကုန်နောက်ပိုင်းမှသာ မီးပြန်ရလာမယ်လို့ ပြောကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်