မလေးရှား ဒုက္ခသည်များ မှတ်ပုံတင်ခြင်းစနစ်သစ်ကို ဇန်နဝါရီလ ၁ ရက်မှာ စတင်မ

နိုဝင်ဘာလ ၊ ၂၆၊ ၂၀၂၅ ။

Zalen

မလေးရှားအစိုးရဟာ ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဉ် (DPP) ကို လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အကောင်အထည်ဖော်မယ်လို့ ဒုတိယပြည်ထဲရေးဝန်ကြီး Shamsul Anuar Nasarah က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ လက်တွဲပြီး လုပ်ဆောင်မှာဖြစ်ပြီး ၎င်းအစီစဥ်ဟာ နိုင်ငံတော်လုံခြုံရေး အန္တရာယ်ကိုကာကွယ်ဖို့၊ ဒေတာအချက်လက်များ ကောင်းမွန်စွာမရှိခြင်းတွေကို ဖြေရှင်းဖို့အပြင် UNHCR ရဲ့ လက်ရှိအသုံးပြုနေတဲ့ ဒုက္ခသည်များ မှတ်ပုံတင်ခြင်း စနစ်တွေကို အစားထိုးနိုင်ဖို့ ဖြစ်ပါတယ်။

Zalen ad

Shamsul က “ဒုက္ခသည်အချက်လက်တွေနဲ့ သူတို့ရဲ့လက်ဗွေ စတာတွေကို နည်းစနစ်ထဲမှာ ကောင်းကောင်းမွန်မွန် သိမ်းထားမှာဖြစ်ပြီး အစိုးရကနေ ဒုက္ခသည်အဖြစ် လက်ခံအသိအမှတ်ပြုထားတဲ့ သူတွေကို တရားဝင်အထောက်ထား စာရွက်စားတမ်းတွေ ထုတ်ပေးမှာဖြစ်တယ်။”လို့ ပြောဆိုထားပါတယ်။

DPP အစီအစဥ်ဟာ အစိုးရအနေနဲ့ ဒုက္ခသည်တွေကို ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်ရေးအတွက် ရှင်းလင်းတိကျတဲ့ အချက်လက်တွေနဲ့ ဇီဝမှတ်တမ်းတွေကို ရရှိစေမယ်ဖြစ်ကြောင်း Shamsul က ပြောဆိုထားပါသေးတယ်။

ဒါ့အပြင် အစိုးရပါဝင်မှုမရှိဘဲ UNHCR အနေနဲ့ ၎င်းတို့ဘာသာ ဒုက္ခသည်များမှတ်ပုံနေတာဟာ နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေတယ်လို့ ဆိုပါတယ်။

“အစိုးရအနေနဲ့ ဒုက္ခသည်အသိမှတ်ပြုရေး၊ မပြုရေးမှာ ထိန်းချုပ်ပိုင်ခွင့်မရှိဘူး။ ဒါ့အပြင် ဒီနိုင်ငံထဲမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်ဦးရေ၊ သူတို့နေထိုင်နေကြတဲ့နေရာ အတိကျတွေကိုမသိနိုင်တော့ အစိုးရက မထိန်းချုပ်နိုင်တဲ့အခါမှာ စာရွက်စာတမ်း အတုထွက်တာတွေ အခြားပြဿနာတွေအများကြီးရှိလာတယ်။”လို့ Shamsul က ပြောကြားထားပါတယ်။

Shamsul က ဒုက္ခသည်တွေရဲ့ အချက်လက်တွေကို ၎င်းတို့တတိယနိုင်ငံသွားတဲ့ချိန်အထိ (သို့မဟုတ်) မိမိနေရပ်ပြန်တဲ့အချိန် ဒါမှမဟုတ် အစိုးရမှနေရပ်ပြန်ပို့တဲ့အချိန်စတာတွေကို စောင့်ကြည့်သွားနိုင်ဖို့အတွက် ကောင်းမွန်စွာသိမ်းထားမယ်လို့ ဆိုပါတယ်။

သတင်း- ဆလိုင်း

ဓာတ်ပုံ- လူမှုကွန်ရက်

#မလေးရှား #ဒုက္ခသည်များ#DPP #UNHCR #Zalen

နောက်ဆုံးရသတင်းများ

ဖလမ်း-ဟားခါးလမ်းပိုင်းရှိ Thlanrawn ကျေးရွာပြည်သူ့​နေအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး

မေ ၂၊၂၀၂၆Zalen ချင်းပြည်နယ်၊ ဖလမ်း–ဟားခါး ကားလမ်းပိုင်းကို စစ်ကြောင်းထိုးဖို့ ပြင်းပြင်းထန်ထန်းထိုးစစ်စင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ မေ ၁ရက်နေ့ နေ့ခင်းပိုင်းချိန်လောက်ကစပြီး Thlanrawn ရွာသစ်နဲ့ Thlanrawn ရွာဟောင်းမှာရှိတဲ့ ပြည်သူ့နေအိမ်များကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့​တယ်လို့ ဒေသသတင်းရင်းမြစ်များဆီကသိရှိရပါတယ်။ အဆိုပါ ...

ဆက်ဖတ်ရန်