မီဇိုရမ်မှာ မြန်မာအမျိုးသမီးတစ်ဦးကိုစျေးဝယ်မယ်လို့ဆိုကာ သတ်ဖြတ်သွားသူကိုဖမ်းမိ

၂၆၊ဩဂုတ်လ၊၂၀၂၄

Zalen

မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်မြို့မှာ မနေ့ဩဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ အသက်မပြည့်သေးသူလူငယ် တစ်ဦးက မြန်မာအမျိုးသမီးတစ်ဦးကိုသတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကိုအဲဒီနေ့ ညပိုင်းမှာပဲတာဝန်ရှိသူ တွေကဖမ်းဆီးနိုင်ခဲ့ပြီလို့ ဒေသသတင်းများရဲ့ဖော်ပြချက်အရသိရပါ တယ်။

ဖြစ်စဉ်မှာ ကျန်ဖိုင်မြို့၊ Vengthar ရပ်ကွက်မှာနေထိုင်တဲ့ ပီးထာလှေအီယာန်းအီး (Pi Thahleiiangi) အသက် ၅၄ နှစ်ဟာ မနေ့မနက်ပိုင်း ၁၀ နာရီခွဲနဲ့ ၁၁ နာရီကြားဝန်းကျင်မှာ လူငယ်တစ်ဦးက စျေးဝယ်ချင်လို့ ဆိုင်ဖွင့်ခိုင်းရာကနေသူ့ရဲ့ဆိုင်ခန်းအတွင်းမှာသတ်ဖြတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီအချိန်ကနေစပြီး တရားခံဟာထွက်ပြေးတိန်းရှောင်ခဲ့ရာ ကျန်ဖိုင်ခရိုင်ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ပြီး မနေ့ည ၉ နာရီဝန်းကျင်မှာဖမ်းစီးရမိခဲ့တယ်လို့သိရပါတယ်။

အသတ်ခံရသူနေထိုင်တဲ့ ရပ်ကွက်တာဝန်ရှိသူ များဟာ တရားခံရဲ့ အကြောင်းသိရှိဖို့ ခရိုင်ရဲစခန်းကိုသွားရောက်မေးမြန်းခဲ့ပေမယ့် တာဝန်ရှိရဲတပ်ဖွဲ့ဝင်များ က ပြစ်မှုကျူးလွန်သူဟာ အသက်မပြည့်သေးတာကြောင့် ဆက်လက်မထိန်းသိမ်းတော့ကြောင်း၊ သူ့ရဲ့နာမည် နဲ့ နေထိုင်တဲ့ရပ်ကွက်တွေကို ဖော်ပြလို့မရကြောင်းနဲ့ လူငယ်တရားရေးဘုတ်အဖွဲ့ (Juvenile Justice Board) ထံကိုလွှဲပြောင်းခဲ့ပြီဖြစ်ကာ တရားခံဟာအသက် ၁၅ နှစ်သာရှိသေးကြောင်းပြောဆိုခဲ့ပါတယ်။

ကျန်ဖိုင်ခရိုင်ရဲတပ်ဖွဲ့ဝင်များရဲ့ပြောကြားချက်အရ ယင်းလူသတ်မှုဟာ ငွေကြေးလိုချင်လို့ဖြစ်ပွားခဲ့တာ ဖြစ်ပေမယ့် လူသတ်မှုဖြစ်ပြီးနောက်ကြောက်လန့်ပြီးထွက်ပြေးရာ ဆိုင်ခန်းထဲကငွေတွေကိုတော့ယူဆောင် သွားခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။

ပီးထာလှေအီယာန်းအီး (Pi Thahleiiangi)က ဓါးဖြင့်အသတ်ခံခဲ့ရတာဖြစ်ပြီးတော့ မနေ့က ရင်ခွဲစစ်ဆေး မှုတွေပြုလုပ်ပြီးနောက် အသုဘအစီအစဉ်တွေပြုလုပ်ခဲ့ကာ ဒီကနေ့ ၁၂ နာရီမှာမြေမြှုပ်သဂြိုလ်သွားမယ်လို့ သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

နိုင်ငံတကာကနေ ငလျင်ဘေးအတွက် အကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထား

၁၅၊ ဧပြီ၊ ၂၀၂၅ Zalen နိုင်ငံတကာကကနေ ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထားပြီဖြစ်တယ်လို့ စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် နိုင်ငံ ၂၄ နိုင်ငံက အထောက်အပံ့ ...

ဆက်ဖတ်ရန်