မြန်မာနိုင်ငံမှာ တစ်နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် လူ ၅ဝဝ ကျော် သေဆုံး

၁၅၊ နိုဝင်ဘာ၊ ၂၀၂၃
ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် လူ ၅ဝဝ ကျော်သေဆုံးခဲ့တယ်လို့ Landmine Monitor မြေုမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့က နိုဝင်ဘာ ၁၄ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကမ္ဘာ့နိုင်ငံပေါင်း ၄၉ ခုနဲ့ တခြားနေရာဒေသ နှစ်ခုမှာ ပြီးခဲ့တဲ့နှစ်အတွင်း မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် သေဆုံးဒဏ်ရာရသူ စုစုပေါင်းကတော့ ၄၇၁ဝ ဦးရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၁၉၉၇ ခုနှစ်မှာ အတည်ပြဋ္ဌာန်းခဲ့တဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်ရေး သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ ၁၆၄ နိုင်ငံက ပါဝင်လက်မှတ်ထိုးထားပေမယ့် အဲဒီစာချုပ်ကို ဒီနေ့အထိ မြန်မာနိုင်ငံက လက်မှတ်ရေးခြင်း မရှိသေးပါဘူး။

လက်မှတ်မရေးထိုးတဲ့ မြန်မာနဲ့ ရုရှားနိုင်ငံတွေမှာ မြေမြှုပ်မိုင်းတွေကို ၂၀၂၂ခုနှစ်အတွင်း အများအပြား အသုံးပြုခဲ့တယ်လို့ Landmine Monitor အဖွဲ့ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

လက်ရှိ ချင်းပြည်နယ် အပါအ၀င် မြန်မာနိုင်ငံတစ်၀န်းမှာ မြေမြှုပ်မိုင်းအန္တရာယ် ရင်ဆိုင်နေရပြီး မကြာခဏ မြေမြှုပ်မိုင်းနင်းမိကာအသက်သေဆုံး ထိခိုက်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

သတင်း – ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ် စစ်ရေးနှင့် ဖြစ်လာနိုင်ခြေ အကျိုးဆက်များ

R.Lakher ချင်းလူမျိုးသည် မြန်မာနိုင်ငံတွင် မတူကွဲပြားမှု အများဆုံး လူမျိုးဖြစ်သည်။ချင်းလူမျိုးကို လူမျိုးစု ၅၃ မျိုးဖြင့်ဖွဲ့စည်းထား သည်ဟု အ ကြ​မ်းအားဖြ​င့်သိကြသည်။ဤ အချက်သည် မှန်ကန်မှု မရှိပေ။ သို့သော် ၃၀ နှင့် ၅၀ အကြားရှိမည်ဟု ...

ဆက်ဖတ်ရန်