မြန်မာနိုင်ငံအနှံ့ ၅ ရက်ကြာမိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းဖြစ်ပေါ်နိုင်ဟု မိုးဇလက သတိပေး

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ ရေခိုး၊ ရေငွေ့ပါတဲ့လေများတိုက်ခတ်လာခြင်းကြောင့် မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်အားလုံးတွင် ဇန်နဝါရီ ၁၄ ရက်ကနေ ၁၉ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးဇလဌာနက ယနေ့ ဇန်နဝါရီ ၁၁ ရက် ညနေ ၂ နာရီက သတိပေးထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ဖော်ပြထားပါတယ်။

ဒါကြောင့် ပြည်သူများအနေနဲ့ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်လို့အကြံပြုထားပါတယ်။

Zawgyi

Zalen ad

ျမန္မာႏိုင္ငံအႏွံ႔ ၅ ရက္ၾကာမိုးထစ္ခ်ဳန္းျခင္း၊ မိုးၾကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္း၊ မိုးသီးေၾကြျခင္းျဖစ္ေပၚႏိုင္ဟု မိုးဇလက သတိေပး

ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္မွာ ေရခိုး၊ ေရေငြ႔ပါတဲ့ေလမ်ားတုိက္ခတ္လာျခင္းေၾကာင့္ ျမန္မာႏိုင္ငံ တုိင္းနဲ႔ျပည္နယ္အားလံုးတြင္ ဇန္နဝါရီ ၁၄ ရက္ကေန ၁၉ ရက္အတြင္း အခ်ိန္အခါမဟုတ္ မိုးရြာႏိုင္တယ္လုိ႔ မိုးဇလဌာနက ယေန႔ ဇန္နဝါရီ ၁၁ ရက္ ညေန ၂ နာရီက သတိေပးထုတ္ျပန္လိုက္ပါတယ္။

စစ္ကိုင္း တိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္နဲ႔ ကယား ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလး တိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာ ဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာနိုင္တယ္လုိ႔ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ျပည္သူမ်ားအေနနဲ႔ အခ်ိန္အခါမဟုတ္မိုးရြာျခင္းႏွင့္အတူ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လၽွပ္စီးလက္ျခင္းႏွင့္ မိုးသီးေႂကြျခင္းစသည့္ မိုးေလဝသျဖစ္စဥ္မ်ား ျဖစ္ေပၚနိုင္ပါသျဖင့္ ႀကိဳတင္ သတိျပဳနိုင္ပါရန္ အႀကံျပဳအပ္ပါသည္လို႔အၾကံျပဳထားပါတယ္။

နောက်ဆုံးရသတင်းများ

ဖလမ်း-ဟားခါးလမ်းပိုင်းရှိ Thlanrawn ကျေးရွာပြည်သူ့​နေအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး

မေ ၂၊၂၀၂၆Zalen ချင်းပြည်နယ်၊ ဖလမ်း–ဟားခါး ကားလမ်းပိုင်းကို စစ်ကြောင်းထိုးဖို့ ပြင်းပြင်းထန်ထန်းထိုးစစ်စင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ မေ ၁ရက်နေ့ နေ့ခင်းပိုင်းချိန်လောက်ကစပြီး Thlanrawn ရွာသစ်နဲ့ Thlanrawn ရွာဟောင်းမှာရှိတဲ့ ပြည်သူ့နေအိမ်များကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့​တယ်လို့ ဒေသသတင်းရင်းမြစ်များဆီကသိရှိရပါတယ်။ အဆိုပါ ...

ဆက်ဖတ်ရန်