မြန်မာရှိ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်သွယ်မှု၊ ဒရုန်းပေးပို့မှုတို့ဖြင့် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယမှာ ဖမ်းဆီး

မတ် ၁၇၊ ၂၀၂၆
Zalen

အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ငန်း လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အမေရိကန်နိုင်ငံသားတစ်ဦး အပါအဝင် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေမှာ အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးတို့ ပါဝင်ပြီး ၎င်းတို့ကို လက္ခနောင် (Lucknow)၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီနဲ့ ကာလကတ္တားမြို့ရှိ လေဆိပ်တွေမှာ အသီးသီး ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဆိုပါ နိုင်ငံခြားသားတွေဟာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံတာ၊ ဥရောပနိုင်ငံတွေမှတစ်ဆင့် ဒရုန်း (Drone) တွေ ပေးပို့နိုင်ဖို့ စီစဉ်တာနဲ့ အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်စေမည့် လုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်နေသည်ဟု သံသယရှိတာကြောင့် အခုလို ဖမ်းဆီးခံရတာပါ။

Zalen ad

၎င်းတို့ကို အိန္ဒိယနိုင်ငံရဲ့ ပြင်းထန်သော ဥပဒေတစ်ခုဖြစ်တဲ့ ၁၉၆၇ ခုနှစ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအက်ဥပဒေ (UAPA) ပုဒ်မ ၁၈ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ ကီလိုမီတာ ၅၀၀ ကျော် ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်ဟာ နိုင်ငံခြားသားများအတွက် ကန့်သတ်နယ်မြေ အဖြစ် သတ်မှတ်ထားသော ဒေသဖြစ်ပါတယ်။

ထိုဒေသသို့ သွားရောက်လိုတဲ့ နိုင်ငံခြားသားတွေဟာ သက်ဆိုင်ရာ နိုင်ငံခြားသားမှတ်ပုံတင်ရုံး (FRO) ထံမှ ကြိုတင်ခွင့်ပြုမိန့် (RAP) ရယူရမည်ပေမဲ့ ယခုဖမ်းဆီးခံရသူတွေဟာဟာ အဆိုပါ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။

မနေ့က ဖမ်းဆီးခံရသူတွေကို နယူးဒေလီမြို့ရှိ Patiala House တရားရုံးသို့ ပို့ဆောင်ခဲ့ပြီး NIA တရားရုံးမှာ ဆက်လက်စစ်ဆေးရန် တင်ပြထားပါတယ်။

ကိုးကား- Theprint
သတင်း-ဆလိုင်း
#NIA#India#Myanmar#Drone#tranier

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်