ရိခေါ်ဒါရ်မြို့ ကားလေးဝင်း ဖွင့်ပွဲ ဒီမနက်ကျင်းပ

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့မှာ ကားလေးဝင်းဖွင့်ပွဲကို ဒီမနက် (၉)နာရီမှာကျင်းပပါတယ်။

ကားလေးဝင်းဟာ တီးတိန်မြို့ကနေ ရိခေါ်ဒါရ်မြို့အဝင်ဘက်တွင်တည်ရှိပြီး ဦးမော်သဲက ၎င်းသရက်ခြံ တစ်ဧကကို စည်ပင်ထံလှူဒါန်းထားတာဖြစ်ပါတယ်။

ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန်လျန်နာက “ဒီကားလေးဝင်းကို အစိုးရအထောက်အပံ့မပါပဲ တည်ဆောက်ထားတယ်။ မြေကွက်ကို ကိုမော်သဲကလှူတယ်။ ကားဝင်းကို ပုဂ္ဂလိကကုမ္မဏီက နှစ်နှစ်စာချုပ်နဲ့ လုပ်တယ်။ အခန်းငှားခ တစ်လ ငါးသောင်းကို ကုမ္မဏီက နှစ်နှစ်ကောက်ခွင့်ပေးထားတယ်”လို့ဆိုပါတယ်။

Photo: Salai Cuang

ရိခေါ်ဒါရ် ကားလေးဝင်းမှာ အခန်း(၁၇)ခန်းတည်ဆောက်ထားပါတယ်။

Zalen ad

ရိခေါ်ဒါရ်မြို့အမှတ်(၂)ရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက “အရင်ကတော့ နယ်စပ်တံတားနားရယ်၊ လမ်းဆုံလမ်းဘေးတွေမှာ ကားလေးတွေရပ်တော့ လမ်းသွားရတာတအားရှုပ်တယ်။ အခုတော့ အရင်လို ကားတွေက လမ်းပိတ်တာတွေ လျော့သွားမယ်ထင်တယ်။ ပြီးတော့ ကားလေးဝင်းက မြို့အဝင်မှာဆိုတော့ ဒေသခံတွေအတွက် သုံးဘီးနဲ့ကားလေးတွေ ကယ်ရီဆွဲပြီး ဝင်ရှာလို့ရသွားမယ်။ ပြီးတော့ ကားကြီးဝင်းလည်း ရှိမယ်ဆိုရင် ပြည်သူတွေလမ်းသွားရတာ အဆင်ပြေသွားမယ်”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်ကိုစစ်တပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ် ပြီးလူနေအိမ်ပျက်စီးမှု များရှိ

ဧပြီလ ၁၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟားခါး – ဖလမ်း လမ်းမပေါ်ရှိ Tlangzar ကျေးရွာကိုအကြမ်းဖက်စစ်တပ်က မနက် အစောပိုင်း နဲ့ မွန်းလွဲပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ လူနေအိမ်ပျက်စီးမှုများလည်းရှိကြောင်းသိရပါ တယ်။ ...

ဆက်ဖတ်ရန်