ရုရှားစစ်သင်္ဘော ၃ စင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာ

မတ် ၆၊၂၀၂၆

Zalen

Zalen ad

ရုရှားနိုင်ငံက စစ်သင်္ဘော ၃ စင်းဟာ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယမန်နေ့ မတ်လ ၅ ရက်က ရောက်ရှိလာတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အဲဒီစစ်သင်္ဘောမှာ ရုရှားရေတပ်မှ အဆင့်မြင့်အရာရှိနဲ့ စစ်သည်အင်အား ၃၅၀ ဝန်းကျင် လိုက်ပါလာတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရုရှားစစ်သင်္ဘောတွေဖြစ်တဲ့ Sovershenny၊ Rezky၊ Pechenga တို့ဟာ မနေ့က မတ်လ ၅ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း ဆိုက်ကပ်ခဲ့တာပါ။

အဲဒီ ရေတပ်အဖွဲ့ကို Captain 1st Rank Andrei Gaevol က ဦးဆောင်ပြီး မတ်လ ၅ ရက်မှ ၁၀ ရက်အထိ ၆ ရက်ကြာ နေထိုင်သွားမည်ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ရုရှားရေတပ်အရာရှိတွေဟာ မြန်မာ့ရေတပ်မှ တာဝန်ရှိသူတွေ့ဆုံခြင်း၊ နှစ်နိုင်ငံ ရေတပ်ချင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

“ဒါဟာ အရှေ့တောင်အာရှဒေသမှာ ရုရှားရဲ့ စစ်ရေးဩဇာရှိနေသေးတယ်ဆိုတာကို ပြသတာဖြစ်သလို၊ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ကြုံတွေ့နေရတဲ့ မြန်မာစစ်ကောင်စီအတွက်လည်း ရုရှားနဲ့ ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးရှိနေတယ်ဆိုတာကို ထုတ်ဖော်ပြသရာရောက်ပါတယ်” လို့ CDM ဗိုလ်ကြီးက သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရုရှားနဲ့ မြန်မာနိုင်ငံအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ သိသိသာသာ တိုးတက်လာခဲ့ပြီး ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေအပြင် လက်နက်ခဲယမ်း ဝယ်ယူမှုလည်း ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နှောင်းပိုင်းကလည်း ရုရှားနဲ့ မြန်မာတို့ဟာ ပထမဆုံးအကြိမ်အဖြစ် ရေတပ်လုံခြုံရေးဆိုင်ရာ ပူးပေါင်းလေ့ကျင့်မှု (Maritime Security Exercise) ကို ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ဖူးပါတယ်။

ဆလိုင်း

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်