လုမ်ဘမ်ရွာအနီး ချင်းတောင်တန်းယာဉ်တစ်စီး တိမ်းမှောက်

စားကုန်ပစ္စည်းအမျိုးမျိုးနဲ့ ခရီးသည်အချို့တင်ဆောင်လာတဲ့ ချင်းတောင်တန်းယာဉ်တစ်စီးဟာ ဖလမ်းမြို့နယ် လုမ်ဘမ်ရွာမရောင်ခင်မှာ ဘရိတ်ပေါက်၍ လမ်းဘေးတွင်တိမ်းမှောက်သွားတယ်လို့သတင်းရရှိပါတယ်။

၎င်းယာဉ်ဟာ နေ့လည် (၁၂)နာရီခွဲခန့်တွင် တိမ်းမှောက်တာဖြစ်ပြီး မော်တော်ယာဉ်ထဲတွင် ခရီးသည် (၈)ဦးလိုက်ပါလာပါတယ်။

လုမ်ဘမ်ကျေးရွာ အုပ်ချုပ်ရေးမှူး Pu Thian Nun Peng က “ကားဘရိတ်ပေါက်တာနဲ့ တခါထဲ တောင်နံရံဘက်ကိုမောင်းပြီးတော့ သွားတိုက်ပြီးမှောက်သွားတယ်။ လူအသေပျောက်မရှိဘူး။ ဒဏ်ရာရတဲ့သူတောင်မရှိဘူး။ ကားရှေ့ပိုင်းလည်းပျက်စီးတာမတွေ့ရဘူး။ ကားရှေ့မှန်တောင်မကွဲဘူး။ ခုတော့ ကားထဲကပစ္စည်းတွေကို ကျနော်တို့ရွာက လူငယ် ၃၀ လောက်က အပြင်ကိုထုတ်သယ်ပြီး ကလေးဘက်ပြန်ဆင်းမယ့် ချင်းတောင်တန်းကားပေါ်ပြန်တင်နေတုန်း” လို့ပြောပါတယ်။

ချင်းတောင်တန်းယာဉ်ဟာ ကလေးမြို့မှ ဟားခါးမြို့သို့သွားမယ့်ယာဉ်ဖြစ်ပြီး ဟင်းသီးဟင်းရွက်၊ စားကုန်ပစ္စည်းအမျိုးမျိုးတင်ဆောင်ထားပါတယ်။

(Zawgyi)

လုမ္ဘမ္႐ြာအနီး ခ်င္းေတာင္တန္းယာဥ္တစ္စီး တိမ္းေမွာက္

စားကုန္ပစၥည္းအမ်ဳိးမ်ဳိးနဲ႔ ခရီးသည္အခ်ဳိ႕တင္ေဆာင္လာတဲ့ ခ်င္းေတာင္တန္းယာဥ္တစ္စီးဟာ ဖလမ္းၿမိဳ႕နယ္ လုမ္ဘမ္႐ြာမေရာင္ခင္မွာ ဘရိတ္ေပါက္၍ လမ္းေဘးတြင္တိမ္းေမွာက္သြားတယ္လို႔သတင္းရရွိပါတယ္။

Photo: Timothy/ Zalen

၎ယာဥ္ဟာ ေန႔လည္ (၁၂)နာရီခြဲခန႔္တြင္ တိမ္းေမွာက္တာျဖစ္ၿပီး ေမာ္ေတာ္ယာဥ္ထဲတြင္ ခရီးသည္ (၈)ဦးလိုက္ပါလာပါတယ္။

လုမ္ဘမ္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး Pu Thian Nun Peng က “ကားဘရိတ္ေပါက္တာနဲ႔ တခါထဲ ေတာင္နံရံဘက္ကိုေမာင္းၿပီးေတာ့ သြားတိုက္ၿပီးေမွာက္သြားတယ္။ လူအေသေပ်ာက္မရွိဘူး။ ဒဏ္ရာရတဲ့သူေတာင္မရွိဘူး။ ကားေရွ႕ပိုင္းလည္းပ်က္စီးတာမေတြ႕ရဘူး။ ကားေရွ႕မွန္ေတာင္မကြဲဘူး။ ခုေတာ့ ကားထဲကပစၥည္းေတြကို က်ေနာ္တို႔႐ြာက လူငယ္ ၃၀ ေလာက္က အျပင္ကိုထုတ္သယ္ၿပီး ကေလးဘက္ျပန္ဆင္းမယ့္ ခ်င္းေတာင္တန္းကားေပၚျပန္တင္ေနတုန္း” လို႔ေျပာပါတယ္။

ခ်င္းေတာင္တန္းယာဥ္ဟာ ကေလးၿမိဳ႕မွ ဟားခါးၿမိဳ႕သို႔သြားမယ့္ယာဥ္ျဖစ္ၿပီး ဟင္းသီးဟင္း႐ြက္၊ စားကုန္ပစၥည္းအမ်ိဳးမ်ိဳးတင္ေဆာင္ထားပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်