လောင်တလိုင်ခရိုင်မှာ မြန်မာဘက်ကဂျင်းတင်သွင်းမှုပိတ်ပင်

မတ် ၅ ၊၂၀၂၆
Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း အိမ်နီးချင်းမြန်မာနိုင်ငံကနေ ဂျင်းတင်သွင်းမှုကို ပိတ်ပင်လိုက်တယ်လို့ လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားပါတယ်။

လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက လက်တလောမှာ မြန်မာဘက်ခြမ်းကနေ တရားမဝင် ဂျင်းများတင်သွင်း နေကြတယ်လို့ သတင်းရရှိထားကြောင်း၊ ဒါဟာ ဥပဒေကခွင့်မပြုပေးထားတဲ့အရာဖြစ်လို့ Bharatiya Nagarik Suraksha Sanhita, 2023 (BNSS) ပုဒ်မ ၁၆၃ အရ တားမြစ်မိန့်ကိုထုတ်ပြန်လိုက်တယ်လို့ လောင်တလိုင်ခရိုင် အခြေစိုက် သတင်းဌာနများကဒီကနေ့မှာဖော်ပြထားပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူးက အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဂျင်းများအား တရားမဝင်လောင်တလိုင်ခရိုင်ထဲ တင်သွင်းခြင်း ကို တားမြစ်ကြောင်း၊ တရားမဝင်အရောင်းအဝယ်လုပ်ခြင်းကိုတားမြစ်ကြောင်း၊ တရားမဝင်သိုလှောင်ဖို့ ဂိုဒေါင် ဖွင့်ခြင်းကိုတားမြစ်ကြောင်း ဖော်ပြထားပါတယ်။

Zalen ad

အဆိုပါတားမြစ်ချက်မလိုက်နာဘဲဖောက်ဖျက်သူများကို Bharatiya Nyaya Sanhita, 2023 (BNS) ပုဒ်မ ၂၂၃ အရ အရေးယူသွားမယ်လို့လည်းပါရှိထားပါတယ်။

ဒီအမိန့်ထုတ်ပြန်ချက်ဟာ လောင်တလိုင်ခရိုင်တခရိုင်လုံးမှာ အာဏာသက်ရောက်မှာဖြစ်ပြီး ပြန်လည်ပယ်ဖျက် ခြင်း၊ ပြင်ဆင်ခြင်း မရှိခင်အထိအတည်ဖြစ်တယ်လို့ဆိုထားပါတယ်။

သတင်း – Mickey

#အိန္ဒိယနိုင်ငံ#မီဇိုရမ်ပြည်နယ်#လောင်တလိုင်ခရိုင်#မြန်မာနိုင်ငံ#ဂျင်းတင်သွင်းမှု#ပိတ်ပင်#Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်ကိုစစ်တပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ် ပြီးလူနေအိမ်ပျက်စီးမှု များရှိ

ဧပြီလ ၁၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟားခါး – ဖလမ်း လမ်းမပေါ်ရှိ Tlangzar ကျေးရွာကိုအကြမ်းဖက်စစ်တပ်က မနက် အစောပိုင်း နဲ့ မွန်းလွဲပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ လူနေအိမ်ပျက်စီးမှုများလည်းရှိကြောင်းသိရပါ တယ်။ ...

ဆက်ဖတ်ရန်