ဝန်ကြီးဟောင်း ဦးကျော်ငြိမ်က ချင်းပြည်နယ် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် လက်ခံ

ဦးသိန်းစိန်လက်ထက် ချင်းပြည်နယ် သစ်တောဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ ဦးကျော်ငြိမ်းဟာ ချင်းပြည်နယ် စစ်ကောင်စီအဖွဲ့ရဲ့ ဖိတ်ခေါ်ခြင်းကို မနေ့ညက လက်ခံလိုက်ပြီလို့ သတင်းရရှိပါတယ်။

ဦးကျော်ငြိမ်းဟာ ၂၀၁၀ ခုနှစ်အထွေထေရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီမှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ပါတယ်။

ဦးကျော်ငြိမ်းက “ဘာရာထူးဆိုတာမရှိသေးဘူး။ မနေ့က မနက် ၁၁ လောက်မှာဖုန်းဆက်လာတယ်။ ဒီမှာပါဝင်ပေးဖို့၊ ကိုယ့်ဒေသအကျိုး၊ ကိုယ့်လူမျိုးအကျိုးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်နဲ့ပါဝင်ပေးပါလို့ပြောတော့ ကျနော်ကလည်း ကိုယ့်ဒေသအကျိုးအတွက်စဉ်းစားပြီးမှ ပါပေါ့မယ်လို့ ကတိပေးလိုက်တယ်။ ပြည်နယ်ကနေ ဖုန်းဆက်တာ။ ဥက္ကဌလည်းပါတယ်။ ဒုတိုင်းမှူးလည်းပါတယ်။ နောက် လုံနယ်ဝန်ကြီး၊ အတွင်းရေးမှူးလည်းပါတယ်။ ကျနော်တို့လေ ပလက်ဝဒေသက အမြဲတမ်းအောက်ကျနောက်ကျဖြစ်တယ်။ ပြီးတော့ တစ်နိုင်ငံလုံးမှာ ကိုဗစ်-၁၉ ကတစ်မျိုး၊ ဆန္ဒဖော်ထုတ်တာကလည်း တစ်မျိုး၊ တိုက်ပွဲကလည်းခဏခဏဖြစ်တယ်။ ငြိမ်းချမ်းရေးရအောင် ပါဝင်ပေးနိုင်မလာလို့ ကိုယ့်ဒေသအကျိုး၊ လူမျိုးအကျိုးမျှော်မှန်းပြီးမှ အားလုံးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြစ်အောင် လက်ခံလိုက်တာပါ။ ဝေဖန်တာကတော့ရှိမှာပဲ။ ပလက်ဝက ရပ်မိရပ်ဖလူကြီးပိုင်း ၁၀ ယောက်လောက်ကို ခေါ်ညိုတယ်။ လူကြီးတွေကလည်း လက်ခံပေးပါ။ ကျနော်တို့ထဲက တစ်ယောက်ယောက်မပါရင် နစ်နာနိုင်တယ်ဆိုလို့လက်ခံလိုက်တာပါ။

အခု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒီနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် နှုတ်ထွက်လိုက်ပြီလို့ ၎င်းကဆိုပါတယ်။

ဦးကျော်ငြိမ်းဟာ ပလက်ဝမြို့ ဒေသခံဖြစ်ပြီး မနက်ဖြန် ဟားခါးမြို့သို့ပြောင်းရွေ့တော့မှာဖြစ်တယ်။

ချင်းပြည်နယ် စစ်ကောင်စီအဖွဲ့ရဲ ဥက္ကဌဟာ ဦးငွန်ဆန်းအောင်ဖြစ်ပြီး ၎င်းဟာ ဦးသိန်းစိန်အစိုးရခေတ်က ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်