သမ္မတရာထူး ၅ နှစ်သက်တမ်းကို တတိယအကြိမ် ရရှိသွားတဲ့ ရှီကျင့်ဖိန်

တရုတ်သမ္မတရှီကျင့်ဖိန်ကတော့ သမ္မတရာထူးကို တတိယအကြိမ်မြောက် စနေနေေ့ အောက်တိုဘာ ၂၂ ရက်တွင် ရယူနိုင်ခဲ့ပြီးနောက် တရုတ်နိုင်ငံကို နောက် ၅ နှစ်ကြာ ဦးဆောင်မည့်သူများတွင် သစ္စာရှိသော လူများကို ထိပ်တန်းရာထူးများပေးအပ်ထားတာကိုလည်း မြင်ရပါတယ်။

ခုလို သမ္မတရာထူးကို တတိယအကြိမ် ရရှိသွားပြီးနောက် ရှီကျင့်ဖိန်ဟာ မော်စီတုန်းပြီးနောက် တရုတ်နိုင်ငံ၏ ဩဇာအာဏာအကြီးဆုံး ခေါင်းဆောင်ဖြစ်လာပြီဖြစ်ပါတယ်။

ရှန်ဟိုင်းကွန်မြူနစ်ပါတီ အကြီးအကဲဖြစ်တဲ့ လီကျင်းဟာလည်း ပိုလီဗျူရိုအမြဲတမ်းကော်မတီများကို မိတ်ဆက်ရေး စင်ပေါ်သို့ ရှီကျင့်ဖိန်နဲ့အတူတူ တက်လာခဲ့ပြီး သူကတော့ မတ်လတွင် အနားယူတော့မယ့် ဝန်ကြီးချုပ် လီခေါ့ချန်နေရာကို အစားထိုးမည်ဖြစ်ပါတယ်။

အမြဲတမ်းကော်မတီအဖွဲ့ဝင်များတွင် ချောက်လီကျီ နှင့် ဝေါင်ဟုနင်တို့က သူတို့၏ ယခင်က နေရာတွင် ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ကာ လူသစ်အဖြစ် ခိုင့်ကျီ၊ တင့်ရဲ့ချန်နှင့် လီရှီတို့က ကော်မတီအဖွဲ့ဝင်အသစ် ဖြစ်လာခဲ့ပါတယ်။

Zalen ad

ရှီကျင့်ဖိန်ကတော့ ၂၀၁၂ ကနေစပြီး တရုတ်နိုင်ငံ၏ အကြီးအကဲ ရာထူးကို ယနေ့အထိ ထမ်းဆောင်လာခဲ့သောသူ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပံ့ပိုးမှုကို ဂုဏ်ပြုတဲ့ Together We Build နံရံချပ်ပန်းချီကားကြီး ဘန်ကောက်မြို့လယ်မှာ ဖွင့်လှစ်မည်

မေ ၂၂၊ ၂၀၂၆Zalen ထိုင်းနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ မရှိမဖြစ်အရေးပါပေမယ့် လူသိနည်းလှတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေ ရုန်းကန်လှုပ်ရှားမှုနဲ့ ပံ့ပိုးကူညီမှုတွေကို ဂုဏ်ပြုတဲ့ “Together We Build” နံရံဆေးရေးပန်းချီကားကြီးကို ဘန်ကောက်မြို့၊ ထောင်လော်ရပ်ကွက်မှာ တရားဝင်ဖွင့်လှစ်ပြသမှာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်